ရန်ကုန်၊ ဇွန် ၁၃
ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းတွင် ယနေ့ နေ့လယ်ပိုင်း စစ်တပ်အမာခံနှင့်ထောက်ခံသူလည်းဖြစ်၊ ဝါဒဖြန့်ပေးသူလည်းဖြစ် အဆိုတော်ယာဉ်လတ်၏ နေအိမ်ရှေ့တွင် မိုင်းထောင်ခဲ့သော်လည်း ပေါက် ကွဲမှု မရှိဘဲ စစ်တပ်က သိမ်းဆည်းသွားခဲ့ကြောင်း Free Fighter Force မှ ဗိုလ် David က ပြောဆိုသည်။
စစ်ကောင်စီကို ထောက်ခံပြီး စစ်တပ်ဝါဒဖြန့် သီချင်းနှင့်ဇတ်ကားများ ရိုက်ကူးသူ အဆိုတော် ယာဉ်လတ်၏ ရန်ကုန်ရှိ နေအိမ်အနီးတွင် မိုင်းဆင်ဖောက်ခွဲရန် Free Fighter Force နှင့် Yangon People’s Defense Force (Bahan) တို့က ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ မိုင်းက Error တက်သွားသဖြင့် အဝေးထိန်း ဖောက်ခွဲသော်လည်း မပေါက်ကွဲခဲ့ကြောင်း ဗိုလ် David က ပြောဆိုသည်။
“အမှိုက်ကောက်သမားလေးကတွေ့သွားပြီး စစ်တပ်ကို တိုင်တာကြောင့် စစ်တပ်က သိမ်းသွားတယ်။ မိုင်းက မပေါက်ကွဲခဲ့ပါဘူး။ထိခိုက်မှုလည်းမရှိခဲ့ပါဘူး” ဟု ဗိုလ် David က ဆိုသည်။
ဓာတ်ပုံ- စစ်တပ်အမာခံသူနှင့် ဝါဒဖြန့် အဆိုတော် ယာဉ်လတ်။
Photo – Credit to Original Uploader