By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ စစ်ကောင်စီတပ်စစ်ကြောင်းကို ဗိုလ်နဂါးဦးဆောင်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော်(MRDA)တပ်ခွဲတွေက နှစ်ရက်ဆက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၁၀ဦး သေဆုံးခဲ့တယ်လို့ MRDAက ထုတ်ပြန်ပါတယ်။
– ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းမှာ မနေ့ကနေ့လယ်ပိုင်းက စစ်တပ်အမာခံ ထောက်ခံသူလည်းဖြစ်၊ ဝါဒဖြန့်ပေးသူလည်းဖြစ်တဲ့ သရုပ်ဆောင်ယာဉ်လတ်ရဲ့နေအိမ်ရှေ့မှာ မိုင်းထောင်ခဲ့ပေမယ့် ပေါက်ကွဲမှုမရှိဘဲ စစ်တပ်က သိမ်းဆည်းသွားခဲ့တယ်လို့ Free Fighter Force မှ ဗိုလ်Davidက ပြောပါတယ်။
-မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ အပိုင်း ၇ ရှိ ပြည်သူပိုင် နေအိမ်တွေကို အကြမ်းဖက် စစ်တပ်နဲ့ ရဲတွေက ဂရန်မရှိတဲ့ အိမ်မှန်သမျှ ကျူးကျော်များဟု အမည် တပ်ကာဖျက်ဆီးနေတဲ့သတင်း အပါအဝင်နောက်ဆုံးရ သတင်းတွေကိုတင်ဆက်ပေးပါမယ်။