By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၁၄ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
-မန္တလေးတိုင်း၊ မိတ္တီလာမှာ ရှိတဲ့ ရှမ်းတဲ- လေတပ်စခန်းက ဌာနချုပ်မှူး ဗိုလ်ချုပ်စိုးအောင်ရဲ့ PSO လေတပ်အရာရှိတစ်ဦး နဲ့ မင်္ဂလာဒုံ-လေတပ်စခန်းက အုပ်ခွဲ-တပ်ကြပ်ကြီး တင်ကျော်ဦးတို့ကို PDF ထောက်ပံ့တယ်၊ ဖရဲသီးလုပ်ပြီး ၊ သတင်းတွေ ဖြန့်ချိနေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အခုရက်ပိုင်းအတွင်း ဖမ်းဆီးလိုက်တယ်လို့ လေတပ် သတင်းရင်းမြစ်က ပြောပါတယ်။
– ပဲခူးတိုင်း၊ သာယာဝတီခရိုင် ၊ လက်ပံတန်းမြို့နယ်၊ ကျွန်ကလေး ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူး မြင့်ရွှေကို ဇွန်လ ၁၁ ရက်နေ့ မနက် ၁၁ နာရီကျော်လောက်မှာ ရွှေတန်းမြေ- ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ပစ်ခတ် တိုက်ခိုက်ခဲ့ရာမှာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။
-တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ စော်ဖျား-ကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီ တပ်သားတွေနဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ စခန်းကို ဇွန်လ ၁၃ ရက်နေ့ မွန်းတည့်ချိန်မှာ ထားဝယ် မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (T-1 Zone) တို့ပူးပေါင်းပြီးတော့ ဝင်ရောက်တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။