ရန်ကုန်၊ဇွန် ၁၄
ရက္ခိုင်တပ်တော် (AA) ဘက်ကို စစ်ကောင်စီတပ်သား ရာနှင့်ချီထွက်ပြေးခိုလှုံလာကြောင်း ယနေ့ ဇွန်လ (၁၄)ရက် နေ့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် AA ပြောခွင့်ရပုဂ္ဂိုလ် ခိုင်သုခကပြောသည်။
ထွက်ပြေးလာသည့် အကြမ်းဖက်စစ်ကောင်စီ စစ်သားများကို အတတ်နိုင်ဆုံး လူသားချင်းစာနာထောက် ထားမှုဖြင့် ကူညီပေးထားကြောင်း ယင်းအပြင် နေရာချထားပေးခြင်းများကိုလည်း စီစဉ်ပေးထားကြောင်း အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ပြောကြားသည်။
အကြမ်းဖက်စစ်ကောင်စီတပ်မှ ထွက်ပြေးလာသည့်လူအရေအတွက် အတိအကျကိုတော့ ပြောသွားရန် အစီအစဉ်မရှိကြောင်း AA ပြောခွင့်ရ ပုဂ္ဂိုလ် ခိုင်သုခကပြောသည်။
အကြမ်းဖက်စစ်ကောင်စီသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များ ၊တိုင်းရင်းသား လက်နက်ကိုင်တပ်များနှင့် တိုက်ပွဲများဖြစ်ပွားနေပြီး အဆိုပါတိုက်ပွဲများတွင် အထိနာနေသည်။
ယင်းအခြေအနေတွင် စစ်ကောင်စီလက်အောက်တွင် မနေချင်သည့်အတွက် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များထံ ခိုလှုံလာသူများ ရှိသကဲ့သို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြည်သူ့ရင်ခွင်အဖွဲ့ထံ ခိုလှုံလာသည့် စစ်သားနှင့် ရဲ တစ်သောင်းနီးပါးအထိရှိနေကြောင်း NUG ပြည်ထောင်စု ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောဆိုထားသည်။