ရန်ကုန်၊ ဇွန် ၁၄
ဗမာနိုင်ငံလုံးဆိုင်ရာ လူငယ်ကဗျာ ဆရာများသမဂ္ဂ (ဗလကသ)၊ ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)နှင့် ဆားလင်းကြီးမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)တို့မှ ရဲဘော်ချေဂွေဗားရား မွေးနေ့ အထိမ်းအမှတ်အဖြစ် ရဲဘော်ချေဂွေဗားရား၏ မိန့်ခွန်းဖြစ်သော ”စာသင်ခန်းတွေဟာ အကျဥ်းထောင်တွေပဲ” စာတန်းအား ယင်းမာပင်မြို့ အတွင်းရှိ စာသင်ကျောင်းတစ်ကျောင်းထဲ တွင်ချိတ်ဆွဲကာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း သိရသည်။