25 C
Yangon

မင်းအောင်လှိုင်နှင့် မတွေ့ဆုံလိုဟု ကြေညာထားသော တိုင်းရင်းသားလက်နက် ကိုင် ERO များကို တွေ့ဆုံလိုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်ခေါ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၁၄

အကြမ်းဖက် လူသတ် ဖက်ဆစ် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် မတွေ့ဆုံလိုဟု ကြေညာထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ(ERO)ကို တွေ့ဆုံလိုဟု စစ်ကောင်စီက ဒုတိယအကြိမ် ထပ်ခေါ်နေပြီး တွေ့ဆုံလိုသူများ ဇွန်လ ၃၀ ရက်နေ့ စာရင်းပေးရန် ထပ်မံ ကြေညာပြန်သည်။

အကြမ်းဖက် မင်းအောင်လှိုင်၏ ဧပြီလ ၂၂ ရက်နေ့ ပထမအကြိမ်ဖိတ်ခေါ်မှုတွင် အဖွဲ့ ၁၀ ဖွဲ့ က တွေ့ဆုံရန် စာရင်းပေးပြီး ၆ ဖွဲ့နှင့်တွေ့ဆုံပြီး ဖြစ် ကြောင်း၊ ၄ ဖွဲ့နှင့်လည်းတွေ့ဆုံသွားမည်ဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များကို ထပ်မံ၍ ခေါ်လိုကြောင်း၊ တွေ့ဆုံလိုသော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဇွန်လ ၃၀ ရက်နေ့ ထပ်မံ နောက်ဆုံး စာရင်းပေးရန် အကြမ်းဖက် မင်းအောင်လှိုင်က ကြေညာသည်။

ပထမအကြိမ် ဖိတ်ခေါ်မှုတွင် KNU ၊ KIA ၊ KNPP ၊CNF၊ AA ၊ TNLA ၊ MNDAA များအပါအဝင် အင်အားကြီး လက်နက်ကိုင်အဖွဲ့အစည်းကြီးများက မင်းအောင်လှိုင်နှင့်တွေ့ဆုံရန် မရှိကြောင်း၊ မင်းအောင်လှိုင်သည် စစ်အာဏာ တည်မြဲရေးအတွက် လုပ်ဆောင်နေခြင်းဖြစ်ပြီး စစ်မှန်သော ငြိမ်းချမ်းရေး ဖော်ဆောင်ရန် စစ်မှန် ဆန္ဒမရှိသူဖြစ်ကြောင်း တိုင်းရင်းသားလက်နက်ကိုင်များက တရားဝင် ထုတ်ဖော်ပြောဆိုထားပြီးဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article