ရန်ကုန်၊ ဇွန် ၂၀
ရန်ကုန်တိုင်းနှင့်ဧရာ၀တီတိုင်း အကြား ပန်တိုင်စစ်ဆေးရေးဂိတ် တွင် မှော်ဘီ လေ ကြောင်း ရန် ကာကွယ်ရေး တပ်မှ ဗိုလ်မှူး ဉာဏ်လင်းစိုးအဖွဲ့နှင့် ပန်တိုင် ဂိတ် စောင့် လုံခြုံရေးရဲများအကြား ဇွန်လ ၁၇ ရက်နေ့ ညနေ ၂ နာရီခွဲ အချိန် တွင် ပစ်ခတ်မှုဖြစ်ပွားပြီး ရဲ ၁ ဦးနှင့် တပ်ကြပ်ကျော်စိုး ပွဲချင်းပြီး သေဆုံးသွား ကြောင်း စစ်တပ်သတင်းရင်းမြစ်ထံမှ သိရှိရသည်။
ဇွန်လ ၁၇ ရက်နေ့ မှော်ဘီမြို့နယ်၊ အမှတ်(၁၀၀၉) လေကြောင်း ရန်ကာကွယ် ရေး တပ်ရင်းမှ ဗိုလ်မှူး ဉာဏ်လင်းစိုး၊ ဒုအရာခံဗိုလ်စောနိုင်၊ ဒုအရာခံဗိုလ် ဇော်လွင် ဦး၊ တပ်ကြပ်ကြီး စိုးမိုးအောင်၊ တပ်ကြပ် ကျော်စိုးတို့သည် ညောင် တုန်း လေကြောင်းရန်ကာကွယ်ရေးတပ်မှ တပ်ကြပ်ကြီး ထွန်းဝင်းနိုင်၏ မင်္ဂလာဆောင်ကို သွားခဲ့ကြကြောင်း၊ ယင်းနောက် ပြန်လာစဉ် ပန်တိုင်ဂိတ်တွင် ကင်းစောင့် လုံခြုံရေးရဲများက စတင်ပစ်ခတ်သဖြင့် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားပြီး ပန်တိုင်ဂိတ်မှ ရဲ ၁ ဦးနှင့် မှော်ဘီလေကြောင်းရန် ကာ ကွယ် ရေး တပ်မှ တပ်ကြပ်ကျော်စိုးတို့ စုစုပေါင်း ၂ ဦး ပွဲချင်းပြီး သေဆုံး သွား ကြောင်း သိရှိရသည်။
“PDFလို့ မှားယွင်း ပစ်ခတ်ခဲ့ရာကနေ ကားပေါ်ပါလာတဲ့ တပ်ကြပ် ကျော်စိုး နေရာမှာ ပွဲချင်းပြီး သေဆုံးပါတယ်။ ဒုတိယ အရာခံဗိုလ် ဇော်လွင်ဦး(ခ) ကျား ကြီး ကတော့ မင်္ဂလာဒုံ စစ်ဆေးရုံသို့ ကျည်ထိမှန်ပြီး ဆေးကုနေပါတယ်။ ဦးခေါင်း ခွံ့လှန်ပြီး ခွဲစိတ်ထားရတယ်။ လေကြောင်းရန် ကာကွယ် ရေး တပ် ဖွဲ့ ကို ဦးဆောင်လာတဲ့ ဗိုလ်မှူး ဉာဏ်လင်းစိုးကို အမှတ်(၅) လေကြောင်း ရန် ကာ ကွယ် ရေးစစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်၊ မှော်ဘီ ရှိ အချုပ်ခန်းမှာ ချုပ် နှောင် ထား ပါတယ်” ဟု တပ်သတင်းရင်းမြစ်က ပြောသည်။
စစ်တပ်နှင့်ရဲအကြား ပစ်ခတ်မှုကြောင့် စုစုပေါင်း ရဲ ၁ ဦးနှင့် စစ်သား ၁ ဦး စုစု ပေါင်း ၂ ဦး သေဆုံးပြီး ပန်တိုင်ဂိတ်မှ ဒုရဲအုပ်တစ်ဦး၊ ရဲတစ်ဦး ကိုလည်း ဖမ်း ဆီး ချုပ်နှောင်ထားကြောင်း၊ စုစုပေါင်း ဖမ်းဆီး ချုပ် နှောင်ခံထားရသူ ရဲနှင့် စစ် တပ် နှစ်ဖက်စလုံးမှ ၆ ဦး ရှိကြောင်း သိရှိရသည်။
ဓာတ်ပုံ- ပစ်ခတ်မှုဖြစ်ပွားသော ရန်ကုန်နှင့်ဧရာ၀တီတိုင်းအကြား ပန်တိုင် စစ်ဆေးရေးဂိတ်။ (ပုံအဟောင်းဖြစ်သည်)
Photo Credit- DVB TV