29 C
Yangon

ကျိုက်ထိုနှင့် ရွှေဘိုတို့တွင် စစ်ရေးအရှိန်မြှင့်တင်မည်ဖြစ်၍ ပြည်သူများ ည ပိုင်း အပြင်မထွက်ကြရန် နှင့် လမ်းပိုင်းများ အသုံးမပြုကြရန် PDF များက သတိပေး ချက်များ အသီးသီး ထုတ်ပြန်

Must read

ရန်ကုန်၊ ဇွန် ၂၆

မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းများပေါ်တွင် ဒေသခံ ပြည်သူ များ အနေဖြင့် ယနေ့ ဇွန်လ ၂၆ ရက်နေ့မှ စတင်ကာ စစ်ကောင်စီ မော်တော် ယာဥ်များနှင့် အနီးကပ်သွားလာခြင်းများ ရှောင်ကျဥ်ရန်နှင့် ည ၈နာရီ ကျော် လျှင် အပြင်သွားလာခြင်းများ မပြုလုပ်ကြရန် သထုံခရိုင် PDF တပ်ရင်း ၃ က ထုတ်ပြန်ထားသည်။

သထုံခရိုင် PDF တပ်ရင်း ၃ အနေဖြင့် စစ်ကောင်စီတပ်များ၏ စစ်ရေးလှုပ်ရှားမှု များကို ကန့်သတ်ရန် နှင့် နယ်မြေစိုးမိုးမှုတည်ဆောက်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားတော့မည်ဖြစ်ကြောင်း၊ ကျိုက်ထိုမြို့နယ်ရှိလမ်းမများပေါ်တွင် သွားလာကျမည့် ခရီးသွားပြည်သူများအနေဖြင့် နံနက် ၆ နာရီမှ ည ၈ အတွင်း ခရီးသွားစဉ် စစ်ကောင်စီ၏ မော်တော်ယာဉ်များနှင့် အနီးကပ်သွားလာ ခြင်းမျိုး ကို အထူးရှောင်ရှား ကြရန်တိုက်တွန်းအပ်ကြောင်း ဖော်ပြထားသည်။

ည ၈ နာရီနောက်ပိုင်း အရေးပေါ် ကျန်းမာရေး ကိစ္စဖြင့် သွားလာရမည်ဆိုပါက လူနာတင်ယာဉ်ကို မီးတန်းဖွင့် အသံဖွင့်ပြီး သွားလာရန် နှင့် ည ၈ နာရီ နောက် ပိုင်း သေရေးရှင်ရေးမဟုတ်လျှင်အပြင်မထွက်ရန် မေတ္တာရပ်ခံ အပ် ကြောင်း လိုက်နာခြင်းမရှိပါက PDF တပ်ရင်း အနေဖြင့် ထိခိုက်မှု တစ်စုံတစ်ရာ ရှိလာ ပါက တာ၀န်ယူပေးနိုင်မည်မဟုတ်ပါကြောင်း ကြိုတင် အသိပေးအပ်ပါသည်ဟု ထုတ်ပြန်ချက် အဆုံးတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် ရွှေဘို-နောင်ကြီးအိုင်လမ်းအား ဇွန်လ ၂၆ ရက် နေ့မှ စတင်ကာ ဇွန်လကုန်အထိ ည က နာရီမှ နံနက် ၅ နာရီအထိ ဖြတ်သန်း သွားလာခြင်း မပြုလုပ်ရန် C&T Shwebo တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဒေသခံ ပြည်သူများ အနေဖြင့် အဆိုပါ လမ်းပိုင်းအား မဖြစ်မနေ ဖြတ်သန်း သွား လာရမည်ဆိုပါက သက်ဆိုင်ရာအဖွဲ့အစည်းများအား သတင်းပို့ပြီး ချိတ် ဆက်ကာ သွားလာကြပါရန်နှင့် သတိပေး ထုတ်ပြန်ချက်များအား မလိုက်နာဘဲ မောင်းနှင်လာသောကားနှင့် ယာဉ်မောင်း‌များ၏ အသက် အိုးအိမ် စည်းစိမ် များကို အာမခံမည် မဟုတ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- ကနီ PDF များ တီထွင် ထုတ်လုပ်ထားသော လက်လုပ် RPG ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article