30.5 C
Yangon

ရခိုင်၊ ကျောက်ဖြူတွင် စစ်တပ်က မူရွှင်းရွာမှ လူငယ် ၂ ဦးကို အကြောင်းမဲ့ ဖမ်းဆီး၊ ထားဝယ်မြို့တွင်လည်း စစ်တပ်က လူငယ် ၃ ဦးကို အကြောင်းမဲ့ဖမ်းဆီး

Must read

ရန်ကုန်၊ ဇွန် ၂၆

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် ကလန့်တဲအုပ်စု မူရွှင်းကျေးရွာမှ ကိုစိုင်းဝဏ္ဏကျော်နှင့် အမည်မသိ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၅ ရက်နေ့ ည ၄ နာရီခန့်တွင် အကြောင်းမဲ့ ဖမ်းဆီးသွားကြောင်း ဒေသခံ ပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

အဆိုပါ လူငယ် ၂ ဦးကို ဇင်ချောင်းရဲစခန်းရှေ့တွင် ကိုစိုင်းဝဏ္ဏကျော်နှင့် ကျေးရွာနေ ပြည်သူ ၁ ဦးကို စစ်တပ်က ဖမ်းဆီးခဲ့ပြီးနောက် ကျောက်ဖြူ အကြမ်းဖက် စစ်တပ် ၃၄ တပ်ရင်းသို့ ခေါ်ဆောင်သွားပြီး အဆက်အသွယ် ပြတ်တောက်သွားကြောင်း သိရသည်။

အလားတူ တနင်္သာရီတိုင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်ရှိ ကိုစိုးလွင်မျိုး၊ ကိုဟိန်းသူနှင့် ကိုဇော်လတ်တို့ကို အကြမ်းဖက် စစ်တပ်က ဇွန်လ ၂၅ ရက်နေ့ ညနေ ၃ နာရီခန့်တွင် အကြောင်းမဲ့ ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် Dawei Information Center ထံမှ သိရသည်။

အဆိုပါ လူငယ် ၃ ဦးကို အကြမ်းဖက် စစ်တပ်က မည့်သည့် အတွက်ကြောင့် ဖမ်းဆီးသွားသည်ကို မသိရသေးဘဲ မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို လက်ရှိချိန်ထိ မသိရသေးကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။

Photo – ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်တွင် အကြမ်းဖက် စစ်တပ် အကြောင်းမဲ့ ဖမ်းဆီးသွားသော ကိုစိုင်းဝဏ္ဏကျော်

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article