ရန်ကုန်၊ ဇွန် ၂၈
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မတရားအမှုဆင် ဖမ်းဆီး အမိန့် ချခြင်းနှင့် ပြည်သူလူထုကို အနိုင်ကျင့် နေခြင်းကြောင့် စစ်တပ် လက် အောက် ခံ တရားရုံးများများကို Justice Lady Mission စစ်ဆင်ရေးဖြင့်စတင်တိုက်ခိုက်နေပြီဟု ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာက ကြေညာသည်။
ယမန်နေ့ ဇွန်လ ၂၇ ရက်နေ့ညပိုင်းတွင် တောင်ဥက္ကလာပ၊ မရမ်းကုန်း၊ ဒဂုံ အရှေ့ တရားရုံးများကို လက်ပစ်ဗုံးဖြင့်ပစ်ခတ် တိုက်ခိုက်မှုများ ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
ရန်ကုန်တိုင်းပြည်သူ့တပ်မဟာက တရားရုံးများကို စစ်ဆင်ရေး ဖြင့် တိုက်ခိုက် ခဲ့ကြောင်း ပြောဆို ထုတ်ပြန်လိုက်ပြီး နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင် ဆန်း စုကြည် အား မတရားအမှုဆင် ဖမ်းဆီးခြင်းနှင့် ပြည်သူ့ခေါင်း ဆောင် တစ်ဦးကို အကျဉ်းထောင်သို့ ပို့ဆောင်မိန့်ချမှတ်ခြင်း၊ ဥပဒေ ကိုအသုံး ချ၍ ကိုယ်ကျိုးစီးပွားအတွက် ပြည်သူလူထုကို အနိုင်ထက်ပြုကျင့်ခြင်း၊ တော်လှန်ရေးရဲဘော်များအား မတရားအမှုဆင် ဖမ်းဆီးခြင်းနှင့် ယိုင်နဲ့ နေ သည့် တရားရေးမဏ္ဍိုင်များကို သတိပေးသည့်အနေဖြင့် ရန်ကုန်တိုင်း ပြည်သူ့တပ်မဟာမှရန်ကုန်တိုင်းအတွင်းရှိတရားရုံးများကို ဖောက်ခွဲ ခဲ့ကြောင်း ကြေညာသည်။
ထိုသို့ဖောက်ခွဲရာတွင် အပြစ်မဲ့ ပြည်သူများ ထိခိုက်မှုမရှိစေရန် အလေးထား ဆောင်ရွက်ခဲ့ပြီး မရမ်းကုန်းတရားရုံး၊ အရှေ့ပိုင်းခရိုင် မြို့နယ် တရားရုံး အရှေ့ဒဂုံ ၊ တောင်ဥက္ကလာပမြို့နယ် တရားရုံး ၊ အရှေ့ပိုင်းခရိုင် မြို့နယ်တရားရုံး သာကေတမြို့နယ်တို့ကို Justice Lady Mission စစ်ဆင်ရေး အမည်ဖြင့်တိုက်ခိုက်ခဲ့ကြောင်း၊ ပျက်စီးဆုံရှုံးမှုနှင့် အချိန်အတိအကျကို လုံခြုံရေး အရ ချန်လှပ်ခဲ့ကြောင်း ရန်ကုန်တိုင်းပြည်သူ့တပ်မဟာ၊ သတင်း နှင့်ပြန်ကြားရေးအဖွဲ့ထံမှ သိရှိရသည်။
ဓာတ်ပုံ- ယမန်နေ့ညပိုင်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရသော မရမ်း ကုန်း မြို့နယ်တရားရုံး။ (ပုံအဟောင်းဖြစ်သည်။)