35 C
Yangon

ပဲခူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုငြိမ်းမောင်ကို စစ်တပ်က ဖမ်းဆီးပြီး သူ၏ လူမှုကွန်ရက်အကောင့်ကိုစစ်တပ်က အသုံးပြုနေ  

Must read


ရန်ကုန်၊ဇွန် ၂၈

ပဲခူးတိုင်း၊ တောင်ငူခရိုင် အမြန် လမ်းမ မိုင်တိုင် ၁၈၆ တွင် ဇွန်လ၂၂  ရက်နေ့ ပဲခူး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ကိုငြိမ်းမောင်နှင့်အတူ အမျိုးသမီး၂ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ပြီး ၎င်းတို့၏ လူမှုကွန်ရက် Facebook အကောင့် များကို စစ်တပ်က အသုံးပြုလျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် တစ်ဦး ကပြောသည်။

ယင်းသို့ဖမ်းဆီးထားသည့်  သတင်းကို စစ်ကောင်စီမှ မထုတ်ပြန်ဘဲ ၎င်းတို့ အသုံး ပြုသည့် Facebook အကောင့်ကို စစ်ကောင်စီက ဆက်လက် အသုံး ပြုနေသည်ကို တွေ့ရကြောင်း ပဲခူးပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် များကပြောသည်။

ဖမ်းဆီးခံထားရသူများ၏ လူမှုကွန်ရက်အကောင့်များမှတစ်ဆင့်  ဆက်သွယ် လာလျှင် ပြန်လည်စကားပြောခြင်းမပြုရန်နှင့် ယခင် ပြောထားခဲ့သူများ အနေ ဖြင့်လည်း ရှောင်တိမ်းကြရန်  ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်တွန်းထားသည်။ 

ကိုငြိမ်းနှင့်အဖွဲ့သည် ၁၁၅မိုင်ကနေ အာကာသယာဉ်လိုင်းဖြင့် ခရီးသွားနေစဉ် ၁၈၆မိုင်အရောက် အဖွဲ့စုံမှ ၎င်းတို့စီးလာသည့်ကားကို စစ်ဆေးစဉ် ဖမ်းမိ ခဲ့ ခြင်းဖြစ်ပြီး လတ်တလော တွင် တောင်ငူစစ်ကြောရေးကို ရောက်ရှိ နေပြီးသတင်းမထုတ်ပြန်ဘဲ ၎င်းတို့ကို အတင်းအကျပ်ဖုန်း ဆက်ခိုင်းခြင်း၊ အဖမ်း ခံရသူများ၏ Facebook အကောင့်များကို အသုံးပြုပြီး အခြားသူများကို ဖမ်း ဆီးခြင်းများ ပြုလုပ်လျက်ရှိ နေကြောင်း သိရသည်။

ယင်းအမှုနှင့် ဆက်စပ်၍ မန္တလေးတွင်လည်း လူငယ်တစ်ဦးအဖမ်းခံထားရပြီး နန်းတွင်းစစ်ကြောရေးကို ရောက်ရှိနေကြောင်း သိရသည်။

ယင်းအပြင် ကိုငြိမ်းမောင်တို့ကို တင်ဆောင်လာသည့် အာကာသယာဉ်လိုင်းမှ ယာဉ်မောင်း နှင့်ယာဉ်နောက်လိုက်ကိုလည်း နောက်တစ်ရက်တွင် လာရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- ဖမ်းဆီးခံရသော ပဲခူး PDF  ကိုငြိမ်းမောင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article