ရန်ကုန်၊ ဇွန် ၂၉
စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်များရောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့်မကြာခဏ ဗုံးခွဲသတိပေးခံရသည့် အလုံမြို့ နယ်မှ SKYWAY CLUB & KTV ယနေ့ညပိုင်းတွင် မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
ဇွန်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် SKYWAY CLUB & KTV မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီမထိုးမီ အချိန် မီးအနည်းငယ်ထိန်းနိုင် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံ သို့ အခွန်ငွေများ ပေးအပ်နေသည့်အပြင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အရက်များကို ရောင်းချခြင်း၊ စစ်တပ်နှင့်ရဲများနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကြောင့် ယခုနှစ် မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင် SKYWAY CLUB & KTV ကို Dark Shadow တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိပေးခဲ့ ရသည့် KTV တစ်ခုဖြစ်သည်။



