33 C
Yangon

စစ်တပ်ထုတ် ဘီယာ၊ အရက်များရောင်းချသည့်အပြင် စစ်တပ်၊ရဲတို့နှင့် ပူးပေါင်း နေသည့်အတွက် ဗုံးခွဲသတိပေးခံခဲ့ရသည့် အလုံ SKYWAY CLUB & KTV မီးလောင်ပြာကျ 

Must read

ရန်ကုန်၊ ဇွန် ၂၉ 

စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်များရောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့်မကြာခဏ ဗုံးခွဲသတိပေးခံရသည့် အလုံမြို့ နယ်မှ SKYWAY CLUB & KTV ယနေ့ညပိုင်းတွင်  မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။ 

ဇွန်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ခွဲအချိန်  ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် SKYWAY CLUB & KTV  မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီမထိုးမီ အချိန် မီးအနည်းငယ်ထိန်းနိုင် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။ 

ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ  SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံ သို့ အခွန်ငွေများ ပေးအပ်နေသည့်အပြင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အရက်များကို ရောင်းချခြင်း၊ စစ်တပ်နှင့်ရဲများနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကြောင့် ယခုနှစ် မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင် SKYWAY CLUB & KTV ကို  Dark Shadow တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိပေးခဲ့ ရသည့် KTV တစ်ခုဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article