33.1 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: June, 2022

မုံရွာ လမ်းပေါ်တွင် ထင်သာမြင်သာ မိုင်ထောင်ထားမှု စစ်တပ်က လာရှင်းစဉ် ဖောက်ခွဲလိုက်ရာ စစ်သား ၂ ဦးသေဆုံး၊ တောင်သာ-မြင်းခြံ လမ်းပိုင်းတွင်လည်း ရဲကား မိုင်းဆွဲခံရပြီး မြို့နယ်မှူး အပါအဝင် ၄ ဦး ထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း မုံရွာမြို့ ထန်းတောရပ် ရွှေဝါရောင်လမ်းတွင် မိုင်းရှင်းလင်းရေး လုပ်ဆောင်နေသော စစ်ကောင်စီ တပ်ဖွဲ့များကို ယနေ့ ဇွန်လ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၄၀ မိနစ်တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ဖောက်ခွဲ တိုက်...

စစ်တပ်အမာခံ ထောက်ခံသူ၊ ဝါဒဖြန့်ပေးသူ အဆိုတော်ယာဉ်လတ် နေအိမ်ရှေ့အနီးတွင် မိုင်းထောင်ခဲ့သော်လည်း ပေါက်ကွဲမှု မရှိဘဲ စစ်တပ်က သိမ်းဆည်းသွားခဲ့

ရန်ကုန်၊ ဇွန် ၁၃ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ ဥဿဖရားလမ်းတွင် ယနေ့ နေ့လယ်ပိုင်း စစ်တပ်အမာခံနှင့်ထောက်ခံသူလည်းဖြစ်၊ ဝါဒဖြန့်ပေးသူလည်းဖြစ် အဆိုတော်ယာဉ်လတ်၏ နေအိမ်ရှေ့တွင် မိုင်းထောင်ခဲ့သော်လည်း ပေါက် ကွဲမှု မရှိဘဲ စစ်တပ်က သိမ်းဆည်းသွားခဲ့ကြောင်း Free Fighter Force မှ...

ဖရူဆို၊ ဒေါညေးခူကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်နှင့် ကရင်နီပူးပေါင်းအဖွဲ့ တိုက်ပွဲဖြစ်ပြီး စစ်သားအများအပြား သေဆုံးနိုင်၊ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

ရန်ကုန်၊ ဇွန် ၁၃ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ဒေါညေးခူကျေးရွာ၊ ဘုရားကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ကို ကရင်နီပူးပေါင်းတပ်ဖွဲ့က ယမန်နေ့ ဇွန်လ ၁၂ ရက် ညနေပိုင်းတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ အများအပြား ထိခိုက်သေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း KNDF ထံမှ သိရှိရသည်။"ဖရူဆိုမြို့နယ် ဒေါညေးခူနဲ့...

ဆားလင်းကြီးတွင် ၅/ လက်ပံတောင်း သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၃ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းဒေသ ၅/လက်ပံတောင်း သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် "တော်လှန်ရေး ခရီးကြမ်းကို ရင်ဆိုင်ကြ၊အောင်ပွဲဆီ ချီတက်ကြ" စာတန်းကိုင်ဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ဂျွန်ဟော့ကင်းတက္ကသိုလ်ပါမောက္ခက မြန်မာစစ်ကောင်စီကို တရားဝင်မှု ပေးအပ်နေမှုအား တားမြစ်ရန် လိုအပ်

ရန်ကုန်၊ ဇွန် ၁၃ အမေရိကန်အခြေစိုက် ဂျွန်ဟော့ကင်းတက္ကသိုလ် ပါမောက္ခတစ်ဦးဖြစ်တဲ့ ကားလ်ဒီဂျက်ဆင်က စစ်ကောင်စီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (ယူအီးစီ) ဥက္ကဌ သိန်းစိုးနဲ့ အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ စစ်ကောင်စီရဲ့ ယူအီးစီဟာ အမေရိကန်နိုင်ငံက အရေးယူ ဒဏ်ခတ်ပိတ်စို့ထားတဲ့ အဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။ ဒီအစည်းအဝေးက ရင်းနှီးပျုငှါတဲ့...

ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၃ ယင်းမာပင်မြို့နယ်တွင် ကယ်ရှင်မရှာ ဒို့ကျေးရွာ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇွန်လ ၁၃ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

စစ်အာဏာရှင် ချေမှုန်းရေး မြင်းမူမြို့နယ်တွင် လူအင်အားထောင်ချီဖြင့် ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇွန် ၁၃ အကြမ်းဖက် စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် လူအင်အား ထောင်ချီပါဝင်သော ကျေးရွာလူထုသပိတ်စစ်ကြောင်းသည် ယနေ့ ဇွန်လ ၁၃ ရက် ညနေပိုင်းတွင် ချီတက်ဆန္ဒပြကြသည်။ဖက်ဆစ် စစ်တပ်၏ မီးရှို့ဖျက်စီးမှုများကြောင့် အခက်အခဲမျိုးစုံ ကြုံတွေ့နေရပေမယ့် ပြည်သူလူထုများသည် ကြောက်ရွံ့ခြင်း မရှိဘဲ...

ရန်ကုန်တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပိုစတာချိတ်ဆွဲ

ဇွန်လ ၁၃ရက် ယနေ့ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂနှင့် သာကေတသပိတ်ကော်မတီ ၊ GHF အဖွဲ့ဝင် တချို့ပူးပေါင်း၍ လူစည်ကားရာ တံတားတစ်ခုပေါ်၌ ဘန်နာတစ်ခုချိတ်ဆွဲခပါသည်။ ထိုဘန်နာစာသားသည် ဖမ်းဆီခံလိုက်ရသော ရဲဘော်တစ်ဦး၏ ၂ လပြည့်နေ့တွင် သူဖမ်းဆီးမခံရခင်က ပြောနေကြစကားတစ်ခွန်းအား ဂုဏ်ပြုသောအားဖြင့် ချိတ်ဆွဲခဲ့ခြင်းဖြစ်ပါသည်။ ဖမ်းဆီးခံလိုက်ရသော ရဲဘော်အားလုံးလွတ်မြောက်ကြကြောင်းနှင့် ပြည်သူ့အရေးတော်ပုံအောင်မြင်စေရန် ကျောင်းသားများ...

ဝက်လက်မြို့နယ်၊ တမာကုန်းရွာကို စစ်တပ်က မီးတင်ရှို့နေပြီး အမျိုးသမီး ၅ ဦးကို ရွာထဲတွင် ဖမ်းဆီးထား

ရန်ကုန်၊ ဇွန် ၁၃ စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် တမာကုန်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ဇွန်လ ၁၃ ရက်နေ့ ညနေ ၄ နာရီကျော်ခန့်တွင် ဝင်ရောက် စီးနင်း မီးရှို့နေပြီး ကျေးရွာနေပြည်သူ အမျိုးသမီး ၅ ဦးကို ရွာထဲ၌ ဖမ်းဆီးထားကြောင်း ဒေသခံ ပြည်သူများက...

လပြည့်နေ့၊ မန္တလေး၊ ပြည်ကြီးတံခွန်တွင် ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်ဟုဆိုကာ အိမ်ကြီး အိမ်ကောင်း ရာပေါင်းများစွာကို စစ်တပ်က ထပ်မံဖျက်ဆီး

ရန်ကုန်၊ ဇွန် ၁၃ မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဋ ရပ်ကွက်၊ အပိုင်း ၇ ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်နှင့် ရဲများက ဂရန်မရှိသော အိမ်မှန်သမျှ ကျူးကျော်များဟု အမည် တပ်ကာ ဇွန်လ ၁၀ ရက်နေ့ နံနက်ပိုင်းမှ...

Latest news

- Advertisement -spot_img