27 C
Yangon

မတ္တရာနှင့်မြင်းမူတွင် စစ်ကြောင်းနှင့်စစ်ကားတန်း မိုင်းခွဲတိုက်ခိုက်ခံရပြီး စစ်သား ၈ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇူလိုင် ၅

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ပန်းသလဲတောင်နှင့် ကျောက်ဆည်လေးကျေး ရွာ၊ ထုံးဘိုတောတိုက်ကြားတွင် နယ်မြေရှင်းလင်းရန်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယမန်နေ့ ဇူလိုင်လ ၄ ရက် နေ့လယ် ၁၂ နာရီ ၄၀ မိနစ်တွင် နတ်ဆိုး (မြေအောက်တော်လှန်ရေးအဖွဲ့)က မိုင်းခွဲတိုက်ခိုက်ရာ စစ်သား ၅ ဦး သေဆုံးသွားကြောင်း သိရှိရသည်။

အင်အား ၂၀ ခန့်ပါသော စစ်ကောင်စီတပ်ဖွဲ့ကို ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း နတ်ဆိုး (မြေအောက်တော်လှန်ရေးအဖွဲ့) က ထုတ်ပြန်ထားသည်။

အလားတူ စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ ကား ၁ စီးကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက ယမန်နေ့ ဇူလိုင်လ ၄ ရက် ည ၉ နာရီ ၁၀ မိနစ်တွင် ပဒေသာမိုင်း ၈ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ အဆိုပါ ကားကို ထိမှန်သွားပြီး စစ်သား ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရနိုင်ကြောင်း မိုးညိုတော်လှန်ရေးအင်အားစု MNRF က သတင်းထုတ်ပြန်သည်။

စစ်ကောင်စီကားကို နပဲကြူးဇရပ်နှင့် ကန်ဖျားဇရပ်ကြားတွင် Moe Nyo Revolution Force M.N.R.F၊ PENTAGRAM ငါးထောင့်ကြယ်၊ PEOPLE REVOLUTION FORCE P.R.Fနှင့် People’s Guerillas Commando – Myinmu ညီနောင်လေးဖွဲ့မှ မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- မြို့ပြဒေသတွေမှာ ကြောက်အားလန့်အား ကင်းလှည့်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article