29 C
Yangon

ဘီးလင်း NLD ဥက္ကဋ္ဌ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်၊ လက်ပြန်ကြိုးတုပ်လျက်ဖြင့် အသတ်ခံထားရသော အလောင်းကို ရေမြောင်းထဲတွင် စွန့်ပစ်ခဲ့

Must read

ရန်ကုန်၊ ဇူလိုင် ၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်NLD ဥက္ကဋ္ဌ ၊ ပြည်နယ်လွှတ်တော်အမတ် ဦးကျော်မျိုးမင်းကို စစ်တပ်က ဖမ်းဆီး သတ်ဖြတ်လိုက်ပြီး အလောင်းကို ရေမြောင်းထဲတွင် လက်ပြန်ကြိုးတုပ်လျက်ဖြင့် ပြန်လည် တွေ့ရရှိကြောင်း NLD ဘက်က အတည်ပြုပြောသည်။

ဇွန်လ ၂၂ ရက်နေ့၊ ဘီးလင်းမြို့နယ်တွင် လွှတ်တော်အမတ် ဦးကျော်မျိုးမင်း၊ NLD ပါတီဝင် ဦးပန်းမြင့်၊ ဦးကိုကိုမောင်နှင့် ရွာသား တစ်ဦးကို စစ်တပ်က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း၊ ယင်းနောက် ရွာသားကို ချက်ချင်း ပစ်သတ်ခဲ့ကြောင်း၊ ဇွန်လ ၃၀ ရက်နေ့တွင် လွှတ်တော်အမတ် ဦးကျော်မျိုးမင်း၊ ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဘီးလင်းလွှတ်တော်အမတ် ဦးကျော်မျိုးမင်းနှင့်အတူ ဖမ်းဆီးခံရသော NLD ပါတီဝင် ဦးပန်းမြင့်နှင့် ဦးကိုကိုမောင်တို့ကို စစ်တပ်က ရက်ရက်စက်စက် ညှဉ်း ပန်းနှိပ်စက် သတ်ဖြတ်ခဲ့သော အလောင်း ၂ လောင်းကို ဇူလိုင်လ ၃ ရက်နေ့တွင် ပြန်လည်ရရှိခဲ့ပြီး ဦးကျော်မျိုးမင်း၏ အလောင်းကို ဇူလိုင်လ ၆ ရက်နေ့တွင် ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ဦးကျော်မျိုးမင်းအလောင်းက ပြန်တွေ့ချိန်မှာ အတော်ပျက်စီးနေပြီ။ အမိန့်ပြန်ပြီး ချက်ချင်း သဂြိုလ်လိုက်တယ်” ဟု NLD သတင်းရင်းမြစ်က ပြောသည်။

ဘီးလင်းမြို့နယ် NLD အလုပ်အမှုဆောင် ဦးပန်းမြင်နှင့်ဦးကိုကိုမောင်တို့၏ အလောင်းများ ပြန်လည်ရရှိချိန်တွင် စစ်တပ်က အလွန်အမင်း နှိပ်စက်ထားပြီး ခြေနှင့်လက်များကို ခုတ်ထစ်ထားကြောင်း၊ ပါးစပ်ထဲသို့လည်း ရေနွေးပူ သို့မဟုတ် အက်ဆစ် လောင်းထည့်ခဲ့ကြပုံပေါ်ပြီး မျက်နှာတစ်ခုလုံး သွားများမရှိဘဲ ရုပ်ပျက်ဆင်းပျက်ဖြစ်နေကြောင်း သိရှိရသည်။

ဓာတ်ပုံ- စစ်တပ်က ရက်ရက်စက်စက်သတ်ဖြတ်ခဲ့သော ဘီးလင်းမြို့နယ် NLD ဥက္ကဋ္ဌ၊ လွှတ်တော်အမတ် ဦးကျော်မျိုးမင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article