ရန်ကုန်၊ ဇူလိုင် ၉
မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရဲကင်းမှ ရဲတပ်သား ပါဆန်းနှင့် ရဲတပ်သား လူသော်တို့ ၂ ဦးသည် ယမန်နေ့ ဇူလိုင်လ ၈ ရက် နံနက် ၉ နာရီ ၄၅ မိနစ်တွင် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ လက်နက် ၂ လက်နှင့် တကွ အလင်းဝင် CDM ပြုလုပ်လာကြောင်း သတင်းရရှိသည်။
အဆိုပါရဲတပ်သား ၂ ဦးသည် BA ၉၄ သေနတ် ၂ လက်၊ ကျည် ၉၀ တောင့်ဖြင့် CDM ပြုလုပ်လာသဖြင့် ၎င်းတို့ ၂ ဦးကို ၁ ယောက်လျှင် ငွေကျပ် သိန်း ၅၀ စီ ထောက်ပံ့ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးလိုက်ကြောင်း မြိုင် PDF က သတင်းထုတ်ပြန်သည်။
အကြမ်းဖက်စစ်ကောင်စီလက်အောက်ရှိ ကျန်တပ်ဖွဲ့ဝင်များအနေဖြင့်လည်း CDM ပြုလုပ်ရန် တိုက်တွန်းကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။