36 C
Yangon

ဖလမ်း-ဟားခါး ကားလမ်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပြီး စစ်သား ၂၀ ဝန်းကျင်သေဆုံး၊ တာလ်ကျေးရွာကို အကြမ်းဖက်စစ်တပ်က ရွာလုံးကျွတ်မီးတင်ရှို့

Must read

ရန်ကုန်၊ ဇူလိုင် ၉

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တာလ်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့က ယနေ့ ဇူလိုင်လ ၉ ရက် နံနက်တွင် စစ်ကြောင်းထိုးလာပြီး အကြောင်းမဲ့ မီးတင်ရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ်မီးလောင်ပျက်စီးသွားကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ယမန်နေ့ ဇူလိုင်လ ၈ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်တွင် ဖလမ်း-ဟားခါး ကားလမ်းပေါ်ရှိ တာလ်ကျေးရွာနှင့် တလန်ရောန်ကျေးရွာကြားတွင် အကြမ်းဖက်စစ်ကောင်စီစစ်ယာဉ်တန်းနှင့် ချင်းအမျိုးသားတပ်ဦး CNA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့ကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ၂၀ ဦး သေဆုံးကြောင်း သတင်းရရှိသည်။

စစ်ကား ၂၇ စီးပါသော စစ်ယာဉ်တန်းသည် ဖလမ်းမြို့မှ ဇူလိုင်လ ၇ ရက်တွင် စတင်ထွက်ခွာလာပြီး အဆိုပါ စစ်ယာဉ်တန်းကို ချင်းပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေခြင်းဖြစ်သည်။

၄၃ မိုင်ကွာဝေးသော ဖလမ်း-ဟားခါး လမ်းအတိုင်း ဖလမ်းမြို့နယ်မှ ဟားခါးမြို့ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ဖွဲ့က အကြောင်းမဲ့မီးတင်ရှို့ဖျက်ဆီးခြင်းဖြစ်ပြီး နေအိမ် ၃ လုံးသာ မီးမလောင်ဘဲ ကျန်ရှိကြောင်း သိရှိရသည်။

တာလ်ကျေးရွာသည် အိမ်ခြေ ၄၀ ခန့်သာ ရှိသော ကျေးရွာဖြစ်ပြီး ၂၀၂၁ ခုနှစ် အောက်တိုဘာလအတွင်း ၂ ကြိမ် မီးရှို့ခံရမှုကြောင့် နေအိမ် ၁၁ လုံး ပျက်စီးခဲ့ပြီး ယခုတကြိမ်မီးရှို့ခံရမှုတွင် နေအိမ် ၂၀ ကျော် မီးလောင်ပြာကျခဲ့ကြောင်း သိရှိရသည်။

Photo – The Chin Journal

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article