31 C
Yangon

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နာရေး သို့ အမျိုးသားညီညွတ်ရေးအစိုးရ ဂျပန် ကိုယ်စားလှယ်ရုံးက ပန်းခြင်း ပေးပို့ပြီး ဝမ်းနည်းမှု အထိမ်းအမှတ် သွားရောက် ဆုတောင်း

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

ဂျပန်နိုင်ငံ ၊ တိုကျိုမြို့၊ Nagatacho လွှတ်တော်ဧရိယာအနီးရှိ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ LDP ဌာနချုပ်တွင် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး ဈာပနအခမ်းအနားကို အမျိုးသားညီညွှတ်ရေးအစိုးရNUG ဂျပန်ဌာနခွဲမှကိုယ်စားလှယ် စောဘလှသိန်းနှင့်တကွ ရုံးအဖွဲ့ဝင်များ ၊ဂျပန်ရောက်ဒီမိုကရေစီအင်အားစုများ၏ တာဝန်ခံများက ယနေ့ တက်ရောက်ကြကြောင်း သိရှိရသည်။

NUG အမျိုးသားညီညွှတ်ရေးအစိုးရကိုယ်စားက ကိုယ်စားလှယ်အဖွဲ့က ဝမ်း နည်းကြေကွဲကြောင်း ပန်းခြင်း ပေးပို့ခြင်း၊ ဝမ်းနည်းကြောင်း မှတ်တမ်းလွှာတွင် ဆုတောင်းစာများရေးသားကာ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး အတွက်ဂါရဝပြုနှုတ်ဆက်ဆုတောင်းကြသည် ။

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးသည် ဇူလိုင် ၈ ရက်နေ့ မဲဆွယ်စည်းရုံးရေးခရီးအတွင်း သေနတ်သမားတစ်ဦး၏ လုပ်ကြံမှု ကြောင့် ကွယ်လွန်ခဲ့ရပြီး ကွယ်လွန်ချိန်တွင် အသက် ၆၇ နှစ်ရှိနေပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article