30.5 C
Yangon

ကောလင်းနှင့် ကသာခရိုင်တွင် ပြည်သူ့အုပ်ချုပ်ရေးအာဏာ ထူထောင်နေပြီး စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ အမြန်ဆုံး ရာထူးစွန့်ပြီး နယ်မြေမှ ထွက်ခွာရန် NUG PDF စာထုတ်ပြန်

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်းအတွင်းရှိ ကောလင်းခရိုင်နှင့် ကသာခရိုင်များတွင် အမျိုးသားညီညွတ်ရေးအစိုးရ လက်အောက်ခံ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များက အာဏာထူထောင်နေပြီး အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ရာထူးစွန့်ကာ နေမြေမှ ထွက်ခွာရန် NUG PDF များက စာထုတ်ပြန် သတိပေးလိုက်သည်။

ကောလင်းခရိုင်တွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ယနေ့ ဇူလိုင်လ ၁၅ ရက်တွင် နောက်ဆုံးထား ရာထူးစွန့်ကာ နယ်မြေမှ ထွက်ခွာရန်၊ ကသာခရိုင်တွင် ဇူလိုင်လ ၂၂ ရက် နောက်ဆုံးထား စွန့်ခွာရန် ထုတ်ပြန်ချက်များတွင် ပါရှိသည်။

လိုက်နာခြင်းမရှိသော စစ်ကောင်စီလက်အောက်ခံဝန်ထမ်းများအနေဖြင့် အကြမ်းဖက် ယန္တရားတွင် ကိုယ်တိုင်ကာယကံမြောက် ပါဝင်ပါက ပြည်သူ့အသက်၊ အိုးအိမ်၊ စည်းစိမ်များကို နှောက်ယှက်ဖျက်ဆီးသူများဟု မှတ်ယူကာ ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ခရိုင် ပ.က.ဖ များက အသီးသီး ထုတ်ပြန်သတိပေးသည်။

အလားတူ ဇူလိုင်လ ၁၀ ရက်နေ့မှစတင်ပြီး စစ်ကိုင်းတိုင်း မုံရွာခရိုင်၊ ခန္တီးခရိုင်၊ တမူးခရိုင်နှင့် မော်လိုက်ခရိုင်တို့ရှိ မြို့နယ် ၈ ခုတို့တွင်လည်း ပြည်သူ့အုပ်ချုပ်ရေးများ စတင်နေခြင်းကြောင့် အကြမ်း ဖက် စစ်တပ် လက်အောက်ခံ အုပ်ချုပ်ရေး တာဝန်ယူထားသူ အားလုံး ရာထူး နုတ်ထွက်ရန်နှင့် တာဝန်ကျရာ နယ်မြေများမှ စွန့်ခွာရန် သတိပေးချက်များကို NUG အုပ်ချုပ်ရေးအဖွဲ့များက တရားဝင် ထုတ်ပြန် သတိပေးထားပြီးပြီဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article