31 C
Yangon

ကလေး၊ ကျောက္ကာရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ဖမ်းဆီးနှိပ်စက်သည့် ပြည်သူ ၅၀ ဦးခန့်ကို ပြည်သူ့ ကာကွယ်ရေးတပ်က ကယ်ထုတ်၊ တိုက်ပွဲကြောင့် ပျူစောထီး ၆ ဦးသေဆုံးပြီး ၁၉ ဦးထွက်ပြေး၊ စစ်တပ်လက် အောက်ခံ လုံခြုံရေးအဖွဲ့ များကို စစ်ရေးပစ်မှတ်အဖြစ် ချေမှုန်းမည်ဟု ထပ်မံ သတိပေး

Must read

ရန်ကုန်၊ ဇူလိုင် ၁၅

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် PDF က ဝင်ရောက်တိုက်ခိုက်ပြီး ပြည်သူ ၅၀ ခန့်ကို ကယ်ထုတ်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

ဇူလိုင်လ(၁၄)ရက်နေ့ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ ကျောက္ကာကျေးရွာတွင် စစ်တပ်နှင့်ပျူစောထီးများက ပြည်သူများကို ဖမ်းဆီးနှိပ်စက်နေသဖြင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ကလေး)က ဝင်ရောက်ကယ်ဆယ်တိုက်ခိုက်ခဲ့ရာ ပျူစောထီး ၆ ဦးသေဆုံးခဲ့ပြီး ၁၉ ဦးထွက်ပြေးသွားခဲ့ကြောင်း၊ ဖမ်းဆီးခံထားရသော ပြည်သူ (၅၀) ဦး ခန့်ကို ကယ်ထုတ်နိုင်ခဲ့ကြောင်း သိရှိရသည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)နှင့်အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားပြီး ဖြစ်သ်ည့အတွက် စစစ်ကောင်စီက ဖွဲ့စည်းထားသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံ အကြမ်းဖက်အဖွဲ့များတွင် ပါဝင်ခြင်းမပြုကြရန် တားမြစ်ထုတ်ပြန်ထားပြီဖြစ်ကြောင်း၊ စစ်ကောင်စီနှင့်ပူးပေါင်းလျက်ရှိသော ပြည်သူ့လုံခြုံရေးအဖွဲ့အမည်ခံအဖွဲ့အစည်းများကို အကြမ်းဖက်ထောက်တိုင် စစ်ရေးပစ်မှတ်များအဖြစ် သတ်မှတ်ကာ စစ်ရေးနည်းလမ်းအရ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် သတိပေးထားသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီ၏ပြည်သူ့လုံခြုံရေးအဖွဲ့များတွင်ပါဝင်ရန် နည်းလမ်းအမျိုးမျိုးဖြင့်ဖိအားပေး လုပ်ကိုင်ဆောင်ရွက်နေရသည့် အဖွဲ့အစည်း၊လူပုဂ္ဂိုလ်များအနေဖြင့်လည်း သက်ဆိုင်ရာအဖွဲ့အစည်းများကို အမြန်ဆုံးစွန့်ခွါပြီး ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊တပ်ဖွဲ့များထံ အမြန်ဆုံး သတင်းပေးပို့၍ လက်နက်အပ်နှံ ပူးပေါင်းဆောင်ရွက်ကြရန် ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးချက် ထုတ်ပြန်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article