29 C
Yangon

ယင်းမာပင်မြို့နယ်၊ ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များကို စစ်တပ်က မီးတင်ရှို့ပြီး ပြည်သူများလည်း ဖမ်းဆီးခံထားရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘွန့်ဘွေးရွာ အနောက် မြောက်ဘက် ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်တပ်က ဇူလိုင်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်းအချိန် စစ်တပ်က မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံ ပြည်သူများထံမှ သိရသည်။

ကံစုတောပြင်ရှိ ပြည်သူပိုင် နေအိမ်များသည် ဘန့်ဘွေးရွာမှ ပျူစောထီးအဖွဲ့နှင့် စစ်တပ်က ဝင်ရောက် စီးနင်းနေခြင်းဖြစ်ပြီး ပြည်သူ တချို့ဖမ်းဆီးထားခံရပြီး အရေအတွက် အတည်မပြု နိုင်သေး​ကြောင်း သိရသည်။

“မီးရှို့တာက မွန်းလွဲ ၁ နာရီလောက်က စပြီးရှို့တာဘန့်ဘွေးရွာကနေ ထွက်ရှို့တာ သူတို့ လာကတည်းက ဒေသခံတွေက ထွက်ပြေးကြတယ်။ ဖမ်းဆီးခံရတဲ့ သူတွေလည်းရှိတယ်။ အဲလူတွေကို ဘန်ဘွေးရွာထဲ ခေါ်သွားတယ်လို့တော့ ကြား ရတဲ့ အတည်တော့ မပြုနိုင်သေးဘူး။ သူတို့က ကင်းပုန်းတွေ ချန်ထားခဲ့နိုင်တယ် ထင်လို့ ကျွန်တော်တို့ ပြန်မဝင်ရဲ သေးဘူး။ မီးလောင်တဲ့ နေအိမ်အရေအတွက်လည်း အတိအကျ ကျွန်တော်တို့ မပြောနိုင်သေးဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၆ ရက်နေ့ကလည်း ဘွန့်ဘွေးရွာမမြောက်ပိုင်းရှိ ပြည်သူပိုင် နေအိမ် ၉ လုံးနှင့် စစ်ဘေးရှောင်တဲ ၃ လုံးကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဘန်ဘွေးရွာတွင် စစ်တပ်က တပ်စွဲနေထိုင်လျက်ရှိကြောင်း၊ မုံရွာ-ယာကြီး-ကလေး လမ်းပိုင်းမှ လာသည့် လိုင်းကားများကို စစ်ဆေးမှုများ ပြုလုပ်ပြီး ဆက်ကြေး ကောက်ခံမှုများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ- စစ်ကိုင်းတိုင်းတွင် ဇူလိုင်လ ၁၈ ရက်နေ့က မီးရှို့ခံရသော ကျီစုကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article