29 C
Yangon

စစ်အာဏာသိမ်းပြီးနောက် မြန်မာ့စီးပွားရေးတိုးတက်မှု ပြောင်းပြန်လှန်လိုက်ပြီး သန်း ၅၀ ကျော်သော မြန်မာပြည်လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှု အောက်သို့ ရောက်ရှိဟု ကမ္ဘာဘဏ်ပြော

Must read

ရန်ကုန်၊ ဇူလိုင် ၂၁

အကြမ်းဖက် စစ်တပ်က အာဏာသိမ်းပြီးနောက် မူဝါဒတင်းကျပ်မှုများ မြန်မာ့စီးပွားရေးတိုးတက်မှု ပြောင်းပြန်လှန်လိုက်ပြီး သန်း ၅၀ ကျော် မြန်မာပြည်လူဦးရေ၏ ၄၀ ရာခိုင်နှုန်း ဆင်းရဲနွမ်းပါးမှု အောက်သို့ ရောက်ရှိနေပြီဟု ကမ္ဘာ့ဘဏ်က ယနေ့ သတင်းထုတ်ပြန်သည်။

နိုင်ငံခြားငွေများကို ကျပ်ငွေသို့ မဖြစ်မနေ ပြောင်းလဲရမည်ဟူသည့် အကြမ်း ဖက် စစ်ကောင်စီ၏ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အပါအဝင် လတ်တလော ပြောင်းလဲလိုက်သည့် မူဝါဒများသည် ပို့ကုန်သွင်းကုန်လုပ်ငန်းများကို အခက် အခဲတွေ့စေကြောင်း၊ မြန်မာနိုင်ငံ လူဦးရေ၏ ၄၀ ရာခိုင်နှုန်းသည် ဆင်းရဲ နွမ်း ပါး မှုမျဉ်းအောက်တွင် ရောက်ရှိနေပြီး ဆယ်စုနှစ်တစ်ခုစာ ကြိုးပမ်းခဲ့မှုဖြစ်သည့် ဆင်းရဲမှုလျော့ကျရေး ဆောင်ရွက်ချက်များသည် နောက်ပြန်လှည့်နေကြောင်း ကမ္ဘာ့ဘဏ်က ယနေ့ ဇူလိုင်လ ၂၁ ရက်နေ့တွင် သတင်းထုတ်ပြန် သည်။

“မြန်မာနိုင်ငံအနေနဲ့ မနှစ်က ကမ္ဘာပေါ်မှာ အဆိုးရွားဆုံး စီးပွားရေးကျုံ့မှုကို ရင်ဆိုင်ခဲ့ရပြီး ဒီနှစ်မှာလည်း စီးပွားရေး ဆောင်ရွက်ရာမှာ အခက်အခဲတွေ ဆက် လက်ရှိနေတဲ့အတွက် အခြားနိုင်ငံတွေနဲ့ ယှဉ်မယ်ဆိုရင် စီးပွားရေး ပြန် လည်နာလန်ထူမှုမှာ များစွာ နောက်ကျနေတာကို လေ့လာတွေ့ရှိရပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ ဌာနေကိုယ်စားလှယ် မာရီယမ်ရှာမန်က ပြောသည်။

မြန်မာနိုင်ငံ၏ စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ပြည်တွင်းပြည်ပ ဖိအားများကြောင့် ၁၈ ရာခိုင်နှုန်းကျုံ့သွားခဲ့ပြီး ပြန်လည်နာလန်ထူရေး နှောင့်နှေးနေကြောင်း၊ စီးပွားရေး ပြန်လည်ဦးမော့လာမှု သိသိသာသာ မရှိသောကြောင့် ၂၀၂၂ ခုနှစ်၏ ဂျီဒီပီသည် ၂၀၁၉ ခုနှစ်တွင် ရှိခဲ့သည့်နှုန်းနှင့် နှိုင်းယှဉ်လျှင် ၁၃ ရာ ခိုင်နှုန်း ဆက်လက်နိမ့်ကျနေမည်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။

လတ်တလော အာဏာသိမ်းစစ်ကောင်စီက ထုတ်ပြန်သည့် မူဝါဒအပြောင်း အလဲများကလည်း စီးပွားရေးလုပ်ငန်းများအား စိန်ခေါ်မှု ပိုမိုဖြစ်စေကြောင်း၊ ဝန်ပိစေသော ကုန်သွယ်လိုင်စင် ကန့်သတ်ချက်များ နိုင်ငံခြားငွေကြေးလဲလှယ်မှုနှုန်း ကိန်းရှင်ထားမှုကို ဖျက်သိမ်းလိုက်ခြင်းနှင့် နိုင်ငံခြားငွေများကို မဖြစ်မနေ မြန်မာကျပ်ငွေအဖြစ် ပြောင်းလဲရမည်ဟူသော စည်းကမ်းသတ်မှတ်လိုက်ခြင်းတို့ ကြောင့် ပြည်ပသွင်းကုန် သွင်းအားစုများ နှောင့်နှေးပြတ်တောက်သွားစေကာ ပြည်ပပို့ကုန်သမားများအား အခက်အခဲတွေ့စေသည်ဟု ကမ္ဘာ့ဘဏ်က ဖော် ပြသည်။

“အိမ်ထောင်စုဝင်ငွေ လျော့နည်းလာခြင်း၊ စားနပ်ရိက္ခာဖူလုံရေးအတွက် ခုသာခံသာစေမယ့် နည်းလမ်းတွေ နည်းလာခြင်း၊ ပြည်တွင်း ပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေတာကြောင့် ပိုမိုဆင်းရဲလာခြင်း ဆိုတဲ့ အကြောင်းပြချက်တွေက မြန် မာနိုင်ငံ ပြည်သူပြည်သားတွေရဲ့ ကြံ့ကြံ့ခံ ရင်ဆိုင်မှုစွမ်းအားကို ဆက်လက်စိန် ခေါ်နေပါလိမ့်မယ်” ဟု မာရီယမ်ရှာမန်က ဆက်ပြောသည်။

လုပ်ငန်းခွင် လှုပ်ရှားသွားလာမှု မြင့်တက်လာခြင်း၊ လက်လီဆိုင်ကြီးများနှင့် သယ် ယူပို့ဆောင်ရေးဂိတ်များကြောင့် လုပ်ငန်းများ ပြန်လည်သက်ဝင် လှုပ်ရှားလာခဲ့သော်လည်း ဝယ်ယူသုံးစွဲနိုင်မှုဆိုင်ရာ ညွှန်းကိန်းများမှာမူ အားနည်းနေဆဲဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“စက်မှုလုပ်ငန်းတွေက ပြည်တွင်းဝယ်လိုအားကို မှီခိုနေရတဲ့အတွက် အိမ် ထောင် စုဝင်ငွေ လျော့ကျလာခြင်းနဲ့ ကုန် ဈေးနှုန်းကြီးမြင့်လာခြင်း စတဲ့စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရတဲ့အပြင် စိုက်ပျိုးရေးထုတ်ကုန်များမှာလည်း သွင်းအားစုဈေးနှုန်းများ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲနဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိ ပက္ခရဲ့ ဒဏ်ကို ခါးစည်းခံနေရဆဲ ဖြစ်ပါတယ်” ဟု ကမ္ဘာ့ဘဏ်၏ မြန်မာနိုင်ငံဆိုင် ရာ အကြီးတန်းစီးပွားရေးပညာရှင် ကင်မ် အဒ်ဝဒ်က ပြောသည်။

ငွေကြေးဖောင်းပွမှုနှုန်း ထိုးတက်သွားခြင်းက စီးပွားရေးလုပ်ငန်းအားလုံးကို ထိ ခိုက်စေခဲ့ပြီး မတ်လတွင် CPI ငွေကြေးဖောင်းပွမှုနှုန်း ၁၇.၃ ရာခိုင်နှုန်း (yoy) ရှိနေခဲ့ကြောင်း၊ လတ်တလော မူဝါဒအပြောင်းအလဲများကြောင့် တိုးတက်မှု အလား အလာနှောင့်နှေးခြင်း၊ မက်ခရိုစီးပွားရေး တည်ငြိမ်မှုကို ဆိုးရွားစေခြင်းနှင့် ရင်းမြစ်များ ထိရောက်စွာခွဲဝေအသုံးပြုမှုကို အားနည်းစေခြင်းတို့ဖြစ်စေကာ ကာလရှည် ထိခိုက်မှု ဖြစ်နိုင်ဖွယ်ရှိကြောင်း ကမ္ဘာ့ဘဏ်က မြန်မာ့စီးပွား ရေးနှင့် ပတ်သက်ပြီး ယနေ့ သတင်းထုတ်ပြန်သည်။

သွင်းကုန်အစားထိုးခြင်းနှင့် ကိုယ့်အားကိုယ်ကိုး ပြည်တွင်းဖူလုံမှုကို အတင်းသွပ် သွင်းအားပေးခြင်းကြောင့် ဆယ်စုနှစ် တစ်ခုစာ မြန်မာ့စီးပွားရေး တိုးတက် မှု၏ အားကောင်းမောင်းသန် တွန်းအားများဖြစ်ခဲ့သော ပွင့်လင်းမှု၊ ဖြေလျှော့မှုတို့ကို ပြောင်းပြန်လှပစ်လိုက်ခြင်းသာဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ထောက်ပြ ပြောဆိုထားသည်။

ဓာတ်ပုံ- ကျေးရွာတစ်ခုမှ စာကြည့်နေကြသည့် ကလေးငယ်များ။

Photo- panasonic

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article