28 C
Yangon

ချောင်းဦးတွင် စစ်တပ်က ပြည်သူ ၆ ဦးကို ဓားစာခံအဖြစ် ဖမ်းဆီး ပစ်ခတ်သတ် ဖြတ် ၊ ဘုန်းကြီးကျောင်း ပိုင်ကားတစ်စီးကို တားဆီးကာ ကားပေါ်ပါ ဘုန်းကြီးကျောင်းသား ၂ ဦးကို စစ်တပ်က ပစ်သတ်

Must read

ရန်ကုန်၊ ဇူလိုင် ၂၃

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ ၉ နာရီခန့်တွင် ဒေသခံ ပြည်သူ ၈ ဦးကို ပစ်သတ်ခဲ့ကြောင်း မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးတပ်ဖွဲ့ (CDSOM) တပ်ဖွဲ့ထံမှ သိရသည်။

ချောင်းဦးမြို့နယ် မေဂဝံကျောင်းတိုက်ရှေ့တွင် ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့ နံနက် ၉ နာရီကျော်ခန့်တွင် စစ်တပ်က ရမ်းသမ်း ပစ်ခတ်ခဲ့ပြီးနောက် ၎င်းတို့ ဖမ်းဆီးလာသည့် ဓားစာခံ ပြည်သူ ၆ ဦးကို စစ်သားများက ပစ်သတ်ခဲ့ကြောင်း၊ ရုပ်အလောင်းများကို ဘုန်းကြီးကျောင်းတိုက် အနီး မြေမြုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၉ နာရီခန့်တွင် ချောင်းဦး ၃ မြောင့် လမ်းဆုံတွင် ဘုန်းကြီး ၂ ပါးနှင့် ကျောင်းသား ၂ ဦးလိုက်ပါလာသောကားကို စစ်တပ်က တားဆီးပြီး ဘုန်းကြီး နှစ်ပါးကို ရှေ့တွင် လှည့်ခိုင်းပြီး ကျောင်းသား ၂ ဦးကို ပစ်သတ်ခဲ့ကြောင်း သိရသည်။

” ပထမဦးဆုံး ပစ်သတ်ခံရတဲ့ ၂ ဦးက ဘုန်းကြီးကားနဲ့ သွားတဲ့အချိန်မှာ စစ်ခွေးတွေက ကားကို တားပြီးတော့ ကျောင်းသား ၂ ဦးကို ပစ်သတ်သွားတယ်။ ဘုန်းကြီး ၂ ပါးကိုတော့ ပြန်လွှတ် လိုက်တယ်လို့ သိရတယ်။ ဘယ်ကလာတဲ့ ဘုန်းကြီးကားလည်းဆိုတာတော့ မသိရသေးဘူး။ ပြီးတော့ မေဂဝံ ကျောင်း တိုက်ဆိုတာ ချောင်းဦး အနောက်ဘက်ပေါ့။ အဲကျောင်းတိုက်နားမှာ ပစ်ခတ်မှု ပုံစံလေး ဖြစ်သွားပြီးတော့ ပြည်သူ ၆ ဦးကို ပစ်သတ်သွားပါတယ်။ ပစ်သတ်ပြီးတော့ အလောင်းတွေကို မြေမြုပ်လိုက်ပါတယ်။ အားလုံးပေါင်း ဒီနေ့ စုစုပေါင်းဆို ၈ ယောက်ပေါ့။ ပစ်သတ်ခံရတဲ့ ၆ ဦးက ဓားစာခံအဖြစ် ဖမ်းဆီးလာသူတွေလို့တော့ပြောတယ် ဘယ်ရွာသား အမည်ဘယ်သူဆိုတာကတော့ စုံစမ်းတုန်းပဲ” ဟု CDSOM တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article