33 C
Yangon

Khit Thit သတင်းဌာန၏ ဇူလိုင် ၂၅ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

 By ရန်ကုန်ခေတ်သစ် 

ဒီကနေ့ ဇူလိုင် ၂၅ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့

-အကြမ်းဖက်စစ်ကောင်စီရဲ့ သေဒဏ် ပြစ်ဒဏ် ချမှတ်ခံထားရတဲ့ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်အပါအဝင် ၄ ဦးကို ပြစ်ဒဏ် စီရင်လိုက်ပြီ ဖြစ်ကြောင်းယနေ့ထုတ် စစ်ကောင်စီဝါဒဖြန့် မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာမှာထုတ်ပြန် ဖော်ပြထားပါတယ်။

– အပြည်ပြည်ဆိုင်ရာကုလသမဂ္ဂတရားရုံး ICJ က မြန်မာနိုင်ငံကို လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ တရားစွဲထားလို့ တရားရင် ဆိုင်ဖို့အတွက အကြမ်းဖက်စစ်ကောင်စီကို ဆင့်ခေါ်တရားရင်ဆိုင်စေချင်းဟာ အစိုးရအဖြစ် အသိအမှတ်ပြုတာ မဟုတ်ကြောင်း တရားဝင် အသိပေးကြေညာချက်ထုတ်ပြန်ပြောဆိုခဲ့ပေမယ့် အကြမ်းဖက်ပြောခွင့်ရဇော်မင်းထွန်းက ICJ ဟာ ၎င်းတို့ကို အစိုးရအဖြစ် အသိအမှတ်ပြုတယ်လို့ ဇွတ်အတင်းပြောဆိုနေပါတယ်။

– စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ကျီစုကျေးရွာမှာ ပြည်သူ ၂၀ ဦးထက်မနည်းကို ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့အကြမ်းဖက်စစ်တပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဇူလိုင်လ ၂၃ ရက်နေ့မှာ တိုက်ခိုက်ရာ စစ်သား ၉ ဦးသေဆုံးခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article