By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇူလိုင် ၂၅ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့
–အကြမ်းဖက်စစ်တပ်က ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်အပါအဝင် တော်လှန်ရေးခေါင်းဆောင် ၄ဦးကို သေဒဏ်စီရင် လိုက်တာဟာ ပြည်သူလူထုကို ထပ်မံစိန်ခေါ်တာဖြစ်ပါတယ်။
– ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ စနဲမြို့ စခန်းမှူးကို ရက္ခိုင့်တပ်တော် AA တပ်ဖွဲ့ဝင်တွေက ဇူလိုင်လ ၂၄ ရက်နေ့မှာ မနက် ၈ နာရီကျော်လောက်မှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ မြပင်ကူး-ကျေးရွာ နဲ့ သရက်ပင်ကုန်း-ကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ အကြမ်း ဖက်စစ်ကောင်စီ စစ်ကြောင်းကို တောင်ငူ-ခရိုင် PDF တပ်ရင်း- ၃၅၀၁ တပ်ခွဲ ၁ က နေ ဇူလိုင် လ ၂၄ ရက်နေ့ ညနေ ၅ နာရီ ဝန်းကျင်လောက်မှာ တိုက်ခိုက်ခဲ့တဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။