ရန်ကုန်၊ ဇူလိုင် ၂၅
မုံရွာမြို့နယ်တွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ မုံရွာ ပင်မသပိတ်မှ ကိုခန့်ဝေဖြိုး၊ ကိုသန်းကျော်ဦးနှင့် အခြားကော်မတီဝင်များ၊ အရာတော်မြို့နယ် လူထုသပိတ်ဦးဆောင် ကော်မတီဝင်များ ပူပေါင်းကာ ယနေ့ ဇူလိုင်လ ၂၅ ရက်နေ့တွင် “ငါတို့ကတော်လှန်ရေးလုပ်နေတာ ဘာသရဏဂုံမှတင်စရာမလိုဘူး မင်းတို့သတ်ရဲရင်သတ်” စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့များက သပိတ် စစ်ကြောင်း လုံခြုံရေးအတွက် လိုက်ပါ ဝန်းရံခဲ့ကြောင်း သိရသည်။



