30 C
Yangon

ရှင်ဇိုအားဘေး၏ စျာပနသို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးဟန် တက်ရောက်ဖွယ်ရှိ၊ စျာပနအခမ်းအနားတွင် မြန်မာစစ်ကောင်စီကို ဖိတ်ကြားထားမှုအား ပြန်လည်ရုပ်သိမ်းပေးရန် ဂျပန်တွင် ဆန္ဒပြ

Must read

ရန်ကုန်၊ ဇူလိုင် ၂၅

ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးစိုးဟန်သည် စက်တင်ဘာ ၂၇ ရက်တွင် ကျင်းပပြုလုပ်မည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ နိုင်ငံတော် ဈာပန အခမ်းအနားသို့ တက်ရောက်ဖွယ်ရှိကြောင်း လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ (Human Rights Watch) က ၄င်းတို့ရရှိထားသော သတင်းရင်းမြစ်တစ်ခုကို ကိုးကားလျက် ဇူလိုင် ၂၄ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။

Human Rights Watch မှ အာရှပရိုဂရမ် အရာရှိ Teppei Kasai က ရှင်ဇိုအာဘေး၏ ဈာပနအခမ်းအနားသို့ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင် လှိုင် တက်ရောက်မည်ဆိုသည့် သတင်းအပေါ်တွင်မူ ရှင်းလင်းစွာ မသိရှိရသေးကြောင်း ပြောကြားခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင်လ ၈ ရက်က လုပ်ကြံခံရမှုကြောင့် သေဆုံးခဲ့သည့် ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး၏ စျာပနအခမ်းအနားသို့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဆိုသည့် သတင်း ထွက်ပေါ်လာခဲ့ပြီးနောက် စစ်ကောင်စီကို အသိအမှတ်မပြုရန် ဂျပန်ရောက် မြန်မာများက ယမန်နေ့ (ဇူလိုင် ၂၄ ရက်) က အကြီးအကျယ် ဆန္ဒပြခဲ့ကြသည်။

ဂျပန်ရောက် ဒီမိုကရေစီအရေး လှုပ်ရှားသူများနှင့် ဂျပန်ရောက်မြန်မာများက ဂျပန်အစိုးရအနေနှင့် စစ်ကောင်စီကို အသိအမှတ် လုံးဝမပြုရန်နှင့် မြန်မာပြည်သူများနှင့်အတူ ရပ်တည်ပြီး NUG အစိုးရကို အသိအမှတ်ပြုရန် တို့အတွက် တောင်းဆိုသော ဆန္ဒထုတ်ဖော်ပွဲများကို ဂျပန်ရှိ မြို့ကြီး ၈ မြို့တွင် တပြိုင်နက် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှင်ဇိုအာဘေး၏ ဈာပနအခမ်းအနားသို့ တက်ရောက်ဖွယ်ရှိသည့် ဦးစိုးဟန်သည် ၂၀၂၀ ခုနှစ်နှောင်းပိုင်းတွင် ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဖြစ်လာခဲ့သူ ဖြစ်သည်။ ၂၀၂၁ စစ်တပ်တပ်က အာဏာသိမ်းခဲ့အပြီး CDM လှုပ်ရှားမှုကို ထောက်ခံခဲ့ကြသည့် ၄င်း၏လုပ်ဖော်ကိုင်ဖက်နှစ်ဦးမှာ တိုကျို မြန်မာသံရုံး၏ ဖယ်ရှားခြင်းကို ခံခဲ့ရသော်လည်း၊ ဦးစိုးဟန်ကတော့ မြန်မာသံအမတ် ရာထူးဖြင့် ဆက်လက်တည်မြဲနေခဲ့ခြင်းလည်း ဖြစ်သည်။

“အာဏာသိမ်းပြီးကတည်းက ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအဖြစ် တက်တက်ကြွကြွ တာဝန်ထမ်းဆောင်ခဲ့တဲ့ အာဏာရှင်ဘက်တော်သား ဦးစိုးဟန်ကို ဂျပန်ရဲ့ နိုင်ငံတော် ဈာပနကို တက်ရောက်ခွင့်ပြုတာဟာ ဂျပန်ရဲ့ ကိုယ်တိုင်ကြွေးကြော်ထားတဲ့ လူ့အခွင့်အရေးအခြေခံတဲ့ သံတမန်ဆက်ဆံရေးအပေါ် သစ္စာဖောက်လိုက်ခြင်းပါပဲ” ဟု Teppei Kasai က ပြောကြားခဲ့သည်။

ဂျပန်အစိုးရအနေနဲ့ ဖိတ်ကြားထားမှုကို ချက်ချင်း ရုပ်သိမ်းသင့်သလို၊ မြန်မာစစ်ကောင်စီရဲ့ မည်သည့်ကိုယ်စားလှယ် စေလွှတ်မှုကိုမဆို တားမြစ်ရပါမယ် ဟုလည်း ၄င်းက ဖြည့်စွက်ပြောကြားခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article