26 C
Yangon

မေတ္တာရပ်ခံနေသည့်ကြားမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်မှု အာဆီယံဥက္ကဋ္ဌ ပြင်းပြင်းထန်ထန်ရှုတ်ချ၊ ကမ္ဘောဒီးယားဝန်ကြီး ချုပ်က သေဒဏ်စီရင်မှုအပေါ် အလွန်စိတ်ပျက်မိဟုပြော

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

အာဆီယံဥက္ကဋ္ဌ၊ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆင်က မေတ္တာရပ်ခံနေသည့်ကြားမှ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၄ ဦးကို စစ်တပ်က သတ်ဖြတ်လိုက်မှုကို အာဆီယံအနေဖြင့် ပြင်းပြင်းထန်ထန်ရှုတ်ချပြီး သေဒဏ်စီရင်မှုလုပ်ရပ် အလွန် စိတ်ပျက်စရာကောင်းသော လုပ်ရပ်ဖြစ်ကြောင်း အာဆီယံဥက္ကဋ္ဌက ကြေညာချက်ထုတ်ပြန်သည်။

လက်ရှိတွင်မြန်မာ့နိုင်ငံရေး ရှုပ်ထွေးမှု အကျပ်အတည်း မြင့်နေတက်ချိန် တုံ့ပြန်တိုက်ခိုက်လိုစိတ် အမြင့်မားဆုံးကိုလည်း ခံစားမြင်တွေ့ရမည်ဖြစ် ကြောင်း၊ အာဆီယံအနေဖြင့် အခြေအနေကို ထိန်းထိန်းသိမ်းသိမ်းလုပ်ဆောင်ကြရန်၊ စိတ်ရှည်ကြရန်၊ အခြေအနေကို ပိုမိုးဆိုးဝါးအောင် လုပ်ဆောင်ခြင်းများကို ရှောင်ကြည်ရန် တိုက်တွန်းလိုကြောင်း၊ ၅၅ ကြိမ်မြောက် အာဆီယံနိုင်ငံ ခြားရေးဝန်ကြီး အစည်းအဝေးမတိုင်မီ ဒီမိုကရေစီအရေးလှုပ်ရှားသူများကို သေဒဏ်စီရင်ခြင်းကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး သေဒဏ်စီရင်လိုက်မှုကြောင့် အာဆီယံ၏ ကြိုးပမ်းမှုကို နောက်ပြန်ဆုတ်စေသည့်အပြင် အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ရေး ဆက်လက်ဆောင်ရွက် စိတ်ဆန္ဒလုံး၀ မရှိခြင်းကို ပြသကြောင်း ထုတ်ပြန်ပြောဆိုသည်။

အာဆီယံအနေဖြင့်မူ အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အတိုင်း မြန်မာ့အရေးကို ငြိမ်းချမ်းစွာဖြင့် အားလုံးပါဝင် တွေ့ဆုံဆွေးနွေးဖြေရှင်းရန် ဆက် လက်တောင်းဆိုကြောင်း အာဆီယံဥက္ကဋ္ဌ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article