24 C
Yangon

အမျိုးသား ညီညွတ်ရေးအစိုးရ အဖွဲ့ဝင်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ လွတ်မြောက်နယ်မြေတွင် တွေ့ဆုံဆွေးနွေး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၉

အမျိုးသား ညီညွတ်ရေးအစိုးရအဖွဲ့ဝင်များနှင့် စစ်ကိုင်းဖက်ဒရယ်ယူနစ် ကြားကာလအစိုးရအဖွဲ့တို့ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် လွတ်မြောက်နယ်မြေ တစ်နေရာ၌ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency) နှင့်စပ်လျဉ်း၍ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

၎င်းအစည်းအဝေးကို အမျိုးသားညီညွတ်ရေးအစိုးရမှ ဝန်ကြီးချုပ်ရုံး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်စောဖူးနှင့် ရုံးအဖွဲ့ဝင်များတက်ရောက်ကြပြီး စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးစိုးဦး၊ ဒုတိယဝန်ကြီးချုပ်ဒေါက်တာအောင်နေဝင်းနှင့် ကာကွယ်ရေးဝန်ကြီး ဦးကိုကို‌‌အောင်၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးခန့်‌ဝေဖြိုး၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ သစ်တောနှင့် သယံဇာတရေးရာဝန်ကြီး ဦးဇင်မင်းထွန်း၊ ရှေ့နေချုပ် ဦးအောင်ချစ်ညိုတို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

ထိုအစည်းအဝေးတွင် နှစ်ဘက် တာဝန်ရှိသူများက လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း (Division of Competency) ကိစ္စရပ်နှင့် စပ်လျဥ်း၍ ဆွေးနွေးကြရာ living document အဖြစ်ထားရှိသော DOC ပါ အချက်များအပေါ်တွင် သဘောတူညီချက်ရရှိသည့်အချက်များ၊ ပြင်ဆင်ရန်လိုအပ်သည့်အချက်များ၊ ဖြည့်စွက်ရန်လိုအပ်သည့်အချက်များ ဆွေးနွေးရရှိခဲ့ကြောင်း သိရသည်။

ယင်းအချက်များကို အမျိုးသားညီညွတ်ရေးအစိုးရသို့ တင်ပြ၍ ဆက်လက်ဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း၊ အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေးနှင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်နိုင်ရေးတို့နှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုလည်း အပြန်အလှန် နှီးနှောတိုင်ပင်ခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article