29 C
Yangon

ကျိုက်ထိုတွင် စစ်တပ် ယာဥ်တန်းများ မိုင်းဆွဲ တိုက်ခိုက်ခံရ

Must read

ရန်ကုန်၊ ဇူလိုင် ၂၆

မွန်ပြည်နယ် ကျိုက်ထိုမြို့တွင် ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ယာဥ်များကို KNU၊ KNLA ပူးပေါင်းတပ်ဖွဲ့နှင့် Ko Ngal Lay ပြောက်ကျားတပ်ဖွဲ့တို့က ၂ ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း Kyaikhto Revolution and Information Network အဖွဲ့ထံမှ သိရသည်။

ပထမ အကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို ယနေ့ နံနက် ၈ နာရီ ၁၀ မိနစ်ခန့်၌ ကျိုက်ထိုမြို့ နှင့် စစ်တောင်းတံတား အကြားတွင် ဝေါဘက်မှ ကျိုက်ထိုဘက်သို့ လာသည့် စစ်ကား ၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး ကား ၁ စီး ထိမှန်ခဲ့ကြောင်း သိရသည်။

ဒုတိယ အကြိမ် မိုင်းဆွဲ တိုက်ခိုက်မှုကို ယနေ့ မွန်းလွဲ ၁၁ နာရီ ၂၀ မိနစ်တွင် မုပ္ပလင်အနီးတွင် ကျိုက်ထိုဘက်မှ ဝေါဘက်သို့ ဦးတည်လာသော စစ်ကား ၇ စီးပါ စစ်ယာဉ်တန်းကို ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့​ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ မိုင်းဆွဲ တိုက်ခိုက်မှု​များ အတွင်း စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးဘဲ စစ်ကား ၇ စီးပါ ယာဉ်တန်းသည် ခလရ ၉၆ မှ ဝေါဘက်သို့ ပြန်လည် ထွက်ခွာလာစဥ်တွင် မိုင်းဆွဲခံရခြင်း ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article