ရန်ကုန်၊ ဇူလိုင် ၂၈
စစ်ကောင်စီက သေဒဏ်စီရင်ခဲ့သည့် ၈၈ကျောင်းသားခေါင်းဆောင် ကိုဂျင်မီ၏ နောက်ဆုံး စကားဖြစ်သည့် “တော်လှန်ရေးအတွက်လုပ်နေတာ ငါတို့ သရဏဂုံမတင်နိုင်ဘူး” ဆိုသည့် စစ်ကောင်စီကို အပြတ်သားဆုံး ရင်ဆိုင်ပြခဲ့သည့် တော်လှန်ရေးစာသားပါ ဘန်ဒါကိုဆွဲကိုင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်မြို့ကတစ်နေရာတွင် ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
‘စစ်အာဏာရှင်ဆန့်ကျင့်ရေးရန်ကုန်အင်အားစု’ က စစ်အာဏာရှင်၏ မတရားကြိုးမိန့်ဖြင့်လုပ်ကြံခံခဲ့ရသော ဦီးဂျင်မီ၊ ကိုဇေယျာသော်တို့အပါအ၀င် ထောင်တွင်းအကြမ်းဖက်ခံနေရသော နိုင်ငံရေးအကျဉ်းသားများအတွက်အကြမ်း ဖက်စစ်ကောင်ဆီကို ဆန္ဒထုတ်ဖော်ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
Photo- AAMIJ