ရန်ကုန်၊ ဇူလိုင် ၂၉
ရန်ကုန်တိုင်း သန်လျင်မြို့ ရေတပ်သင်္ဘောကျင်းဌာနချုပ်မှ ဗိုလ်ကြီး ၁ ဦးသည် ဘောလခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF) ထံ CDM ပြုလုပ်လာကြောင်း BPDF တပ်ဖွဲ့မှ ယနေ့ ဇူလိုင်လ ၂၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
အဆိုပါ ရေတပ် CDM ဗိုလ်ကြီးသည် ဘောလခဲ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (BPDF) သို့ Job For Kayah မှတဆင့် ဆက်သွယ်ကာ လာရောက် ခိုလှုံခဲ့ခြင်းဖြစ်ပြီး လက်ရှိချိန်တွင် လွတ်မြောက် နယ်မြေ တစ်နေရာသို့ ပို့ဆောင်ထားပြီး ဖြစ်ကြောင်း သိရသည်။