By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဩဂုတ် ၂ ရက် နေ့လယ်ပိုင်း ရရှိထားတဲ့သည့် သတင်းတွေကတော့
-ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ မှော်ဘီလေတပ်ရှေ့ က (အမျိုးသမီး) ဗိုလ်သင်တန်းကျောင်းမှာ ဩဂုတ်လ ၁ ရက်နေ့ ညပိုင်းက ဗုံးပေါက်ကွဲပြီး လူနာတင်ကားတွေ ဝင်ရောက်သွားတဲ့အတွက် ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ စစ်တပ်သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
– မုံရွာ-စည်ပင်အရာရှိ သုခ ဆိုသူ ၊ ပဲခူးတိုင်း ကန့်နီကျေးရွာ ရာအိမ်မှူး ခင်စိန် ၊ ရွှေဘိုက ရဲသတင်းပေး ပျူစောထီး ဝင်းမြိုင်တို့ ၃ ဦး ပစ်ခတ်ရှင်းလင်းခံရပြီး သေဆုံးသွားတဲ့အပြင် ၊ မြစ်ကြီးနားက ကြံ့ဖွတ် ပါတီဝင် လီဆူ-ဝန်ကြီးဟောင်းကတော့ ပစ်ခတ်ခံရပြီး ဒဏ်ရာ အပြင်းအထန်ရရှိထားတယ်လို့ သိရပါတယ်။
– မကွေးတိုင်း၊ မကွေးမြို့၊ မြို့မစျေးမှာ လူထုသစ္စာအဓိဋ္ဌာန်ပြုပွဲနေ့ဖြစ်တဲ့ ဇူလိုင်လ ၃၁ ရက်နေ့ မနက် ၁၀ နာရီ ကျော်က စျေးသည်တွေအားလုံးကနေ သံပုံးတီးကြတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီက စျေးသည်တွေကို စျေးရောင်းချ/ခွင့် ပိတ်ပင်လိုက်တဲ့ သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။