32 C
Yangon

NUG ကို အမျိုးသားညီညွတ်ရေးအစိုးရဟု အမေရိကန်က တရားဝင် စတင်သုံးစွဲ၊ အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ် အရေးယူမှုများ ဆက်လုပ်မည်ဟု အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးပြောဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂

အကြမ်းဖက်စစ်ကောင်စီကို ဒဏ်ခတ်အရေးယူမှုများ ဆက်လုပ်မည်ဖြစ်ကြောင်း အမေရိကန် လက်ထောက်နိုင်ငံ ခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က အမျိုးသားညီညွတ်ရေးအစိုးရNUG မှ ဒုတိယနိုင်ငံခြားရေး ဦးမိုးဇော်ဦးနှင့်တွေ့ဆုံစဉ် ပြောဆိုကြောင်း ရန်ကုန်အမေရိကန်သံရုံးက သတင်းထုတ်ပြန်သည်။

“အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှ မိုးဇော်ဦးနဲ့ တွေ့ခဲ့ရပြီး မြန်မာစစ်တပ်ရဲ့ ဆိုးရွားတဲ့ကွပ်မျက်မှုတွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ကိုယ်ကျ ဝမ်းနည်းစိတ်မကောင်းဖြစ်ရကြောင်းပြောဆိုခွင့်ရခဲ့ပါတယ်။ ပြီးတော့ မြန်မာပြည်သူတွေကို အားပေးထောက်ခံရာမှာ ဘယ်လို တိုးမြှင့်ဆောင်ရွက်နိုင်မလဲ ဆိုတာကိုလည်း ဆွေးနွေးခဲ့ရပါတယ်။ အများတကာမေးငေါ့အပြစ်တင်ကြတဲ့ အကြမ်းဖက်မှုတွေနဲ့ နှိပ်ကွပ်မှုတွေအတွက် အာဏာရှင်အဖွဲ့အစည်းကို ဒဏ်ခတ်အရေးယူမှုတွေ မိမိတို့ဆက်လက်ပြုလုပ်သွားပါမယ်။”ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ဂျေ ခရစ်တင်ဘရင့်ခ်က ပြောဆိုသည်။

ရန်ကုန်အမေရိကန်သံရုံးက NUG မှ ဒုဝန်ကြီး ဦးမိုးဇော်ဦးနှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံမှုသတင်းကို သတင်းထုတ်ပြန်ထားပြီး NUG ကိုလည်း အမျိုးသားညီညွတ်ရေးအစိုးရဟု တရားဝင် စတင် သုံးစွဲလာခြင်းဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article