ရန်ကုန်၊ ဩဂုတ် ၃
အမေရိကန်နိုင်ငံ နယူးယောက်မြို့ NYCBC အဖွဲ့က ဦးစီးပြီး လူသတ်ကောင် မင်းအောင်လှိုင် နှင့် အကြမ်းဖက် အာဏာသိမ်း အဖွဲ့ ကို ကုလသမဂ္ဂနှင့်နိုင်ငံတကာက အပြင်းထန်ဆုံး အရေးယူရန် ပြည်ပရောက် မြန်မာများက ယနေ့ ဆန္ဒပြကြသည်။
အဆိုပါ ဆန္ဒပြပွဲသို့ သံအမတ်ကြီး ဦးကျော်မိုးထွန်းတက်ရောက်ခဲ့ပြီး မင်းအောင်လှိုင်ဦးဆောင်သည့် အောက် တန်းစား လူယုတ်မာ အဖွဲ့ကို အရေးယူကာ မြန်မာ ပြည်သူများ၏ အသက်ကို အလျှင်အမြန် ကာကွယ်စောင့်ရှောက်ရန်နယူးယောက် ရှိ ကုလသမဂ္ဂဌာနချုပ်ရှေ့တွင် ပြည်ပရောက် မြန်မာများ ဆန္ဒပြကြသည်။



