ရန်ကုန်၊ ဩဂုတ် ၅
သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို အလုပ်နှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) ဖြင့် စစ်ကောင်စီက အမှုဖွင့် ဖမ်းဆီးထားကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာသည်။
သင်ဇာဝင့်ကျော်နှင့် နန်းမွေ့စံတို့ကို ဖမ်းဆီးရာတွင် စစ်ကောင်စီက အဓိက အကြောင်းပြမှုမှာ သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့သည် မြန်မာယဉ်ကျေးမှုနှင့် မညီသော လိင်အသားပေး ဓာတ်ပုံနှင့်ဗီဒီယိုများကို အမေရိကန်နိုင်ငံရှိ Website တစ်ခုထံသို့ အခကြေးငွေ ရယူ၍ ဖြန့်ချိသဖြင့် အရေးယူခြင်းဖြစ်ကြောင်း ကြေညာထားသည်။
အီလက်ထရောနစ် ဆက်သွယ် ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) သည် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၇ နှစ် ချမှတ်နိုင်သော ပုဒ်မတစ်ခုဖြစ်သည်။
သင်ဇာဝင့်ကျော်နှင့်နန်းမွေ့စံတို့ နှစ်ဦးစလုံးသည် ယမန်နှစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့်အတွက် စစ်ကောင်စီနှင့်စစ်လော်ဘီများ၏ အငြိုးထားခြင်းခံရသော မော်ဒယ်သရုပ်ဆောင်များဖြစ်ကြသည်။

