27 C
Yangon

မြဝတီ-ဝေါလေကားလမ်း သုံးထပ်ကွေ့အနီးတိုက်ပွဲတွင် အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံး အများအပြား ဒဏ်ရာရပြီး ပြန်ဆုတ်ခွာ၊ စစ်သား ၄ ဦး CDM ပြုလုပ်

Must read

ရန်ကုန်၊ ဩဂုတ် ၅

KNU ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၆ ထိန်းချုပ်နယ်မြေ မြဝတီမြို့နယ်တောင်ပိုင်း မြဝတီ-ဝေါလေကားလမ်း၊ သုံးထပ်ကွေ့အနီးသို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်တပ်နှင့် ကော်ဘရာစစ်ကြောင်းတို့ ယနေ့ ဩဂုတ်လ ၅ ရက်တွင် တနေကုန်နီးပါး တိုက်ပွဲဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ၁ ဦးသေဆုံးကာ ၄ ဦးထက်မနည်းဒဏ်ရာရပြီး ပြန်လည်ဆုတ်ခွာသွားကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးများ တရစပ်ပစ်ခတ်ကာ တပ်မ ၄၄ လက်အောက်ခံတပ်ဖွဲ့များသည် ခြေလျင်ဖြင့် ထိုးစစ်ဆင်လာခဲ့ရာ ကော်ဘရာစစ်ကြောင်းနှင့် ယနေ့ နံနက် ၈ နာရီမှ စတင်ကာတိုက်ပွဲဖြစ်ပြီး ညနေ ၄ နာရီဝန်းကျင်တွင် သေဆုံးထိခိုက်မှုများသဖြင့် ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

တိုက်ပွဲတွင် ကော်ဘရာစစ်ကြောင်းမှ ရဲဘော် ၃ ဦး ဒဏ်ရာရကြောင်း သိရှိရသည်။

ယင်းအပြင် သုံးထပ်ကွေ့ကို ထိုးစစ်ဆင်နေသော တပ်မ ၄၄ လက်အောက်ခံ ကျိုက်ထိုအခြေစိုက် ခမရ ၂ မှ တပ်ကြပ်ကြီး ၁ ဦးအပါအဝင် ၄ ဦးသည် KNLA တပ်ဖွဲ့ထံ အလင်းဝင်လာကြောင်း သတင်းရရှိသည်။

CDM ပြုလုပ်သူများမှာ တပ်ကြပ်ကြီး ဇော်မင်းဦး၊ တပ်သား ဟိန်းစိုး၊ တပ်သား စိုးဝင်းနှင့် တပ်သား ဇော်ဇော်တို့ ဖြစ်ပြီး ၎င်းတို့သည် မြဝတီ-ဝေါလေကားလမ်း ကဆောဝါးတောင်ကုန်း ရှေ့တန်းစစ်မြေပြင်မှတဆင့် စစ်အာဏာရှင်ကို စွန့်ခွာလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article