25 C
Yangon

တန့်ဆည်မြို့ပေါ်တွင် ကင်းလှည့်နေသော ရဲကားကို ပစ်ခတ်တိုက်ခိုက်ရာ ရဲ ၇ ဦးသေဆုံးပြီး G3 သေနတ် ၆ လက် သိမ်းဆည်းရမိ

Must read

ရန်ကုန်၊ ဩဂုတ် ၇

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်တောင်ဘက် စစ်ဆေးရေးဂိတ်အနီးတွင် ကင်း လှည့်ထွက်လာသော ရဲကားကို ရွှေဘိုခရိုင်တပ်ရင်း၂၅ (TPC)နှင့် မြို့နယ်ပကဖ ပူးပေါင်း အဖွဲ့တို့က ယနေ့နံနက်၅နာရီ ၃၀ မိနစ်အချိန် ပစ်ခတ်တိုက်ခိုက်ရာ ကားပေါ်ပါလာသော ရဲ၇ ဦးလုံး သေဆုံးခဲ့ပြီး G3လက်နက် ၆ လက်ရရှိကြောင်း သိရသည်။

“ရဲကားက အဝိုင်းပတ်တောင်ဘက်ကို ကင်းလှည့်တာ၊ စစ်ဆေးရေး ဂိတ်နား ရောက်လာတော့ အသင့်စောင့်နေတဲ့ ကာကွယ်ရေးအဖွဲ့တွေက ကားကို ဝင်စီး ပြီး ပစ်တာ ကားပေါ်ပါတဲ့သူအကုန်သေပြီး လက်နက်တွေရလိုက်တယ်”ဟု တန့်ဆည်TPCနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

လက်ရှိ တန့်ဆည်မြို့ပေါ်တွင် စစ်ကောင်စီတပ်များက ပိတ်ဆို့စစ်ဆေးမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

တန့်ဆည်မြို့နယ် ဗျက်ကြီးရွာသို့ ရောက်ရှိလာသော စစ်ကောင်စီတပ်ကို တန့် ဆည်PDFပူးပေါင်းအဖွဲ့တို့က ဩ ဂုတ်လ ၄ ရက်နေ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ် သား၁၀ဦးခန့်သေဆုံးကာ ကျည်ဆန်နှင့် ဗုံးသီးများ သိမ်းဆည်းရမိခဲ့သေးသည်။

ဓာတ်ပုံ- ယနေ့ နံနက် သိမ်းဆည်းရမိသော လက်နက် ၆ လက်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article