36 C
Yangon

မြင်းမူ၊ လက်ပန်ကျင်းကျေးရွာကို စစ်တပ်က လေကြောင်းဖြင့် ပစ်ခတ်ပြီး စီးနင်းတိုက်ခိုက်မှု ပြည်သူ ၈ ဦး သေဆုံးပြီး PDF ၁၀ ဦးကျဆုံး၊ လက်နက် ၉ လက်ပါသွားကာ ပြည်သူပိုင်နေအိမ်များကို စစ်တပ်က လုယက် မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ သြဂုတ် ၇

စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် လက်ပန်ကျင်းကျေးရွာကို အကြမ်းဖက် စစ်တပ် က သြဂုတ်လ ၁ ရက်နေ့တွင် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး ကျေးရွာ အတွင်း ဝင်ရောက် စီးနင်း ပစ်ခတ်ခဲ့သောကြောင့် ဒေသခံ ပြည်သူ ၈ ဦး သေဆုံးပြီး ကာကွယ်ရေး ရဲဘော် ၁၀ ဦး ကျဆုံးခဲ့ရကြောင်း Myinmu Civil Revolution Force အဖွဲ့က ပြောသည်။

အကြမ်းဖက် စစ်တပ်သည် လက်ပန်ကျင်းရွာကို ကုန်းကြောင်း လေကြောင်းဖြင့် ဝင်ရောက် စီးနင်း ပစ်ခတ် ခဲ့ခြင်းဖြစ်ပြီး လက်ပန်ကျင်းရွာ ပြည်သူ ၇ ဦး ၊ ကန်ရင်း ရွာ ပြည်သူ ၁ ဦးတို့ ပစ်သတ်ခံရကာ ပြည်သူ့ ကာကွယ်ရေး ရဲဘော် ၁၀ ဦး လည်း ကျဆုံးခဲ့ရကြောင်း၊ လက်နက်များအနေဖြင့် အော်တိုမောင်းပြန် သေ နတ် ၈ လက် ၊ ဗုံးသီး79 ပစ် ၁ လက်တို့ လည်း ဆုံးရှုံးခဲ့ရကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်က လက်ပန်ကျင်း ကျေးရွာ စာသင်ကျောင်းဝင်း အတွင်း ဖွင့်လှစ်ထားသော KG တန်းကလေးများ ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများနှင့် ကျေးရွာအတွင်းနေ ဒေသခံ ၁၀၀ကျော်ခန့်ကိုလည်း ၂ ရက် ဆက်တိုက် လူသားဒိုင်း အဖြစ် ဖမ်းဆီးထားခဲ့ပြီး ကျောင်း၊ ဓမ္မာရုံနှင့် ကျေးရွာ ဆေးပေးခန်းတို့ကိုလည်း ပစ်ခတ် ဖျက်ဆီးခဲ့ကာ ကျေးရွာ အတွင်းရှိ ပြည်သူပိုင် နေအိမ် ၁၅ လုံး၊ ကားနှင့် ဆိုင်ကယ်များကိုလည်း မီးရှို့ ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကိုလည်း မွှေနှောက် လုယက် ခိုးယူသွားကြောင်း သိရှိရသည်။

“စစ်တပ်က ဖမ်းသွားတဲ့လူတွေလည်းရှိတယ်။ အဲဒီလူတွေလည်း သေသလား၊ ရှင်သလား မသိရသေးဘူး။ ရွာကို စစ်တပ်က ဝင်စီးတာက တိုက်ပွဲမရှိဘဲ သတင်း ပေးကြောင့် ဝင်စီးခံရတဲ့ပုံစံဖြစ်နေတယ်။ အခုထက်ထိတော့ ရွာက ပုံမှန် ပြန်မဖြစ်ဘူး။ တစ်ရွာလုံးလည်း လုယက်ခံထားရတော့ အတော်ကို အခြေ အနေဆိုးတယ်။ စစ်တပ်က အရမ်းကို ယုတ်မာနေတာပါ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article