29 C
Yangon

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် သံဆူးကြိုးဘယ်ရီရာများချ၊ လုံခြုံရေး အပြည့် ဖြင့် သူ့လူသူ ရောင်းဝယ်နေခြင်းကို စစ်တပ်က ပြည်သူသို့ စျေးရောင်းသည့်ပုံစံ ဗီဒီယို နှင့် ဓာတ်ပုံများ လုပ်ကြံ ရိုက်ကူး ဝါဒဖြန့်

Must read

ရန်ကုန်၊ ဩဂုတ် ၇

မန္တလေး၊ ပုသိမ်ကြီးမြို့နယ်တွင် သံဆူးကြိုးဘယ်ရီရာများချ၊ လုံခြုံရေးအပြည့် ဖြင့် သူ့လူသူရောင်းဝယ်နေခြင်းကို စစ်တပ်က ပြည်သူသို့ စျေးရောင်းသည့်ပုံစံ ဗီဒီယိုနှင့်ဓာတ်ပုံ ရိုက်ကူး ဝါဒဖြန့်လျက်ရှိကြောင်း ပုသိမ်ကြီးဒေသ သတင်း ရင်း မြစ် Patheingyi Information -PIF မှ ပြန်ကြားရေး တာဝန်ရှိသူက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၇ ရက်နေ့ နံနက် ၁၀ နာရီအချိန်တွင် အကြမ်းဖက်စစ်တပ်က ပုသိမ် ကြီးတပ်နယ် တပ်မ ၃၃ တံဆိပ်ဖြင့် အသား၊ ငါး၊ အသီးအရွက် အရောင်း ဆိုင် ဆိုသော ဗီနိုင်းကပ်ပြီး မိနစ်အနည်းငယ်မျှ ရောင်းချကြောင်း၊ ရောင်းသူနှင့် ဝယ် သူများမှာလည်း ၎င်းတို့၏ လူများသာ ဖြစ်ပြီး အပြင်လူ အဝင်မခံကြောင်း၊ ယင်းနောက် စစ်အရာရှိတစ်ဦးက ဓာတ်ပုံနှင့် ဗီဒီယိုရို က် ကူးကာ စျေးကား ပြန် လည်ထွက်ခွာသွားကြောင်း သိရှိရသည်။

“သူတို့ဘာသာရောင်း သူတို့ဘာသာဝယ်နေတာ။ လုပ်ဇာတ်တွေ။ ပြည်သူလည်း အဝင်မခံဘူး။ ပြည်သူကလည်း မဝယ်ဘူး။ တကယ်တမ်း ပြည်သူ ဆီက ခိုး ယူပြီး ပြည်သူတွေအတွက် လုပ်ပေးတာမဟုတ်ဘဲ ဓာတ်ပုံရိုက်၊ဝါဒ ဖြန့်ဖို့ တစ်ခုတည်း အတွက် လုပ်နေတာပါ” ဟု Patheingyi Information -PIF မှ ပြန်ကြားရေး တာဝန်ရှိသူက ပြောဆိုသည်။

ပုသိမ်ကြီးဒေသခံအများစုကလည်း စစ်တပ်၏ ဝါဒဖြန့် စျေးရောင်းချမှုကို မြင် တွေ့ကြပြီး စစ်တပ်က ပြည်သူများ အတွက် စျေးရောင်းချပေး၍ ဝယ် သရောင် ရောင် လုပ်ကြံမှု အဖြစ် ဝေဖန်ပြောဆိုကြသည်။

“ဝယ်တာ ဘယ်ပြည်သူမှ မပါဘူး။ တော်ကြာ ကျနော်တို့ ပုသိမ်ကြီး ပြည်သူ တွေ ကို အထင်လွဲနေမှာစိုးလို့။ ဒီ စစ်ခွေးတွေနဲ့ ဘာမှ ပြေလည်စရာ အကြောင်း မရှိဘူး။” ဟု ပုသိမ်ကြီးမြို့နယ်မှ ပြည်သူတစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article