ရန်ကုန်၊ သြဂုတ် ၈
တနင်္သာရီတိုင်း အတွင်းရှိ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (FFFF)၊ ထားဝယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(အေဒင်မှူး)နှင့် တနင်္သာရီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ရဲဘော်များ ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၈ ရက်နေ့တွင် ၈၈၈၈ လူထုအရေးတော်ပုံ ၃၄ နှစ်ပြည့် အလေးပြုပွဲနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။



