29.6 C
Yangon

ဥပဒေမဲ့သေဒဏ်စီရင်မှုများတွင် ပါဝင်ပတ်သက်သူများကို တရားဥပဒေအတိုင်း ပြစ်ဒဏ်ပေးရန် မဲဆောက်ရောက် မြန်မာများ တောင်းဆို

Must read

ရန်ကုန်၊ ဩဂုတ် ၈

ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအဝင် တော်လှန်တက်ကြွလှုပ်ရှားသူများအား ဥပဒေမဲ့ သေဒဏ်စီရင်မှုများတွင် ပါဝင်ပတ်သက်သူများကို တရားဥပဒေအတိုင်း ပြစ်ဒဏ်ပေးရန် မဲဆောက်ဒေသရောက် မြန်မာများက ယနေ့ ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် တောင်းဆိုဆန္ဒပြကြသည်။

သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ဖမ်းဆီးထိန်းသိမ်းထားသူများအား ခြွင်းချက်မရှိပြန်လွှတ်ပေးရန်၊အာဏာလုအစိုးရ မတရားသိမ်းပိုက်ထားသော ပြည်သူ့အာဏာအား ပြည်သူများလက်ဝယ်သို့ခြွင်းချက်မရှိ အလုံးစုံ ပြန်လည်အပ်နှံရန်၊ ဦးဂျင်မီ ဦးဖြိုးဇေယျာသော်အပါအဝင် ဥပဒေမဲ့ သေဒဏ်စီရင်ခံရသူများအတွက် ပါဝင်ပတ်သက်ခဲ့သူများကို တရားမျှတမှု မှုဘောင်စနစ်အရ ပြန်လည်ရှာဖွေဖေါ်ထုတ်ပေးရန်၊ ၁၉၈၈ လူထုတော်လှန်ရေးမှ ယနေ့ နွေဦးတော်လှန်ရေးအထိ အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ မသန်စွမ်းဖြစ်ခဲ့သူများအတွက် တရားမျှတမှု ပြန်လည်ရှာဖွေပေးရန် နှင့် နစ်နာကြေးပေးရန်၊ ရှစ်လေးလုံးပြတိုက် တရားဝင်တည်ဆောက်ဖွင့်လှစ်ခွင့်ပြုရန် ဟူသည့် အချက် ၅ ချက်ပါတောင်းဆိုချက်ကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရှစ်လေးလုံးလူထုလှုပ်ရှားမှု ၃၄ နှစ်မြောက် အထိမ်းအမှတ် အဖြစ် မဲဆောက်ဒေသရောက် မြန်မာလူထုအသံလှုပ်ရှားမှုတွင် ဆန္ဒဖေါ်ထုတ်သူများက တောင်းဆိုခဲ့ကြသည်။

ယနေ့ ကျရောက်သော ၃၄ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်နေ့တွင် မဲဆောက်ရောက် မြန်မာများက မတူညီသည့် နေရာ ၃ ခုတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် တောင်းဆို ဆန္ဒပြကြသည်။

Photo Credit – ဖိုတိုဒါန

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article