29 C
Yangon

အခေါက်ရွှေတစ်ကျပ်သား ၂၅ သိန်းကျော်ရောက်ရှိပြီး အမေရိကန်တစ်ဒေါ်လာ ၂၇၅၀ ကျပ်စျေးပေါက်နေ၊ ရွှေနှင့်ဒေါ်လာ စျေးအမြင့်ပေးလျှင်ပင် ဝယ်မရ တော့

Must read

ပြည်တွင်းတွင် ရွှေနှင့်အမေရိကန်ဒေါ်လာစျေးနှုန်းနှင့်တန်ဖိုး စံချိန်တင် ထိုး တက်နေ

ရန်ကုန်၊ ဩဂုတ် ၁၁

ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အကယ်ဒမီမီးလင်းရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၂၅ သိန်းကျော် ယနေ့ ရောက်ရှိသွားပြီဖြစ်ပြီး အမေရိကန် တစ် ဒေါ် လာ လျှင်လည်း ၂၇၅၀ ကျပ်စျေးပေါက်နေကြောင်း စျေးကွက် အတွင်း မှ စုံစမ်းသိရှိရသည်။

“ဒီနေ့စျေးဖွင့်တာ ငွေစျေးက တစ်ဒေါ်လာ ၂၆၈၀ ကျပ်နဲ့ စျေးဖွင့်တယ်။ စျေး ကွက် ဖွင့်ပြီးတာနဲ့ ဒေါ်လာစျေးက တဖြည်းဖြည်းတက်လာတာအခု တစ်ဒေါ် လာ ကို ၂၇၀၀ နဲ့ ၂၇၅၀ အကြား စျေးပေါက်နေတယ်။ မနေ့ကလည်း စျေးတွေ က တက်လိုက်၊ ကျလိုက်နဲ့ စျေးကွက်မငြိမ်ဘူး။ ဒီနေ့လည်း အတက်ကြမ်း တယ် ပြောရမယ်။ စျေးက နာရီပိုင်းအတွင်းကို တက်နေတာ” ဟု ရန်ကုန်မြို့မှ ဒေါ်လာဝယ်ရောင်းလက်ကြီးဒိုင်တစ်ဦးက ပြောသည်။

အလားတူ ရွှေစျေးကွက်တွင်လည်း ကမ္ဘာ့ရွှေစျေးတည်ငြိမ်သော်လည်း မြန်မာ့ ရွှေ စျေး မှာ ဩဂုတ်လ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်အချိန်တွင် ၁၆ ပဲရည် အကယ်ဒမီ မီးလင်းရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၂၅ သိန်း ၅ ထောင် ကျပ်သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရှိရသည်။

“ရွှေက စျေးဖွင့်တာက ၂၄ သိန်း ၇ သောင်းလောက်နဲ့စျေးစဖွင့်တယ်။ တကယ် တေ့တေ့ ဆိုင်ဆိုင်ဝယ်မယ်ဆိုရင် ၂၅ သိန်း အထက် မှာ‌ စျေးပေးဝယ်ရတယ်။ ဝယ်လက်တစ်ဦးက တစ်ကျပ်သားကို ၂၅ သိန်း ၁ သောင်း နဲ့ ၇ ပိုင်း ဝယ်သွား တယ်။ ကိုယ်လိုချင်ရင် စျေးပိုပေးဝယ်ရင်ရမယ်။ လိုချင် တိုင်းလည်းမရဘူး။ အခုက စျေးက ပြေးတက်၊ ဖြည်းဖြည်းဆင်း၊ ဆောင့် တက် ဖြည်းဖြည်း ပြန်ကျ ဖြစ်နေတာ” ဟု ပြည်တွင်းရွှေကုန်သည်တစ်ဦးက ပြောသည်။

လက်ရှိစျေးကွက်တွင် ရွှေနှင့်ဒေါ်လာ ဝယ်လိုအား သာရှိပြီး ရောင်းလိုသူ နည်း ပါး ကြောင်း၊ အချင်းချင်း ချိတ်ဆက် ရောင်းဝယ်ကြကြောင်း စျေးကွက် အတွင်း မှ စုံစမ်းသိရှိရသည်။

ဓာတ်ပုံ- တစ်နေ့တစ်ခြားတန်ဖိုးထိုးကျနေသော မြန်မာကျပ်ငွေ။

Photo- AFP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article