30 C
Yangon

ဗန်းမော်၊ မံစီ၊ မိုးမောက်နှင့်ရွှေကူမြို့နယ်ရှိ တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး လုံခြုံရေးအထူးသတိပြု သွားလာနေထိုင်ကြရန် စစ်ကောင်စီ အရေးပေါ် ညွှန်ကြားချက် လျှို့ဝှက်ထုတ်ပြန်

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

ကချင်ပြည်နယ်၊ ဗန်းမော်၊ မံစီ၊ မိုးမောက်နှင့်ရွှေကူမြို့နယ်ရှိ ရဲနှင့်စစ်တပ်တပ် ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာ ဝန်ထမ်းအားလုံး လုံခြုံရေးအထူးသတိပြု သွား လာ နေထိုင်ကြရန် စစ်ကောင်စီ အရေးပေါ် ညွှန်ကြားချက်တစ်ရပ်ကို ဩဂုတ် လ ၄ ရက်နေ့ နေ့စွဲဖြင့် လျှို့ဝှက် ထုတ်ပြန်လိုက်ကြောင်း သိရှိရသည်။

ကချင်ပြည်နယ်မြို့နယ် ၄ ခုရှိ တပ်ရင်းတပ်ဖွဲ့များ၊ ထွေအုပ်များ၊ မြို့နယ်/ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူ့ လုံခြုံရေး အဖွဲ့ များ အနေဖြင့် လုံခြုံရေး သတိပြုသွားလာရန် ၊CRPH, NUG နှင့် လက် အောက်ခံ အဖွဲ့အစည်းများ၊ ဆက်စပ်အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များက တည်ငြိမ် အေးချမ်းမှု ပျက်ပြားစေရန်၊ အစိုးရယန္တယား ပျက်ပြားစေရန် ရည်ရွယ် ကာ လူမှုကွန်ရက်ပေါ်တွင် လှုံ့ဆော်၊ဝါဒဖြန့်၊ ခြိမ်းခြောက် ရေးသား ခြင်းအပြင် ဌာန အဆောက် အအုံများ၊ ပြည်သူပိုင် အဆောက်အအုံများ၊ လမ်း တံ တား၊ ဘုရားကျောင်းကန်များကို မီးရှို့ဖျက်ဆီးနေသည့်အပြင် အုပ်ချုပ်ရေး အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် နိုင်ငံ့ဝန်ထမ်းများကို ပစ်မှတ်ထား တိုက်ခိုက် သတ်ဖြတ်နေ၍ လုံခြုံရေးသတိရှိစွာ သွား/လာနေထိုင်စေရန် ကြိုတင် အသိ ပေး အကြောင်းကြား ဆောင်ရွက်ရန် ညွှန်ကြားစာတွင် ရေးသားထားသည်။

အဆိုပါ ညွှန်ကြားချက်ကို စစ်တပ်၊ ရဲ၊ ထွေအုပ် အပါအဝင် ဌာနဆိုင်ရာ တပ်ဖွဲ့/ ဌာန/မြို့နယ်/မြို့နယ်ခွဲနှင့် ရပ်ကွက်များဆီသို့ ဖြန့်ဝေ အသိပေး နေကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article