26 C
Yangon

ယင်းမာပင်၊ ရင်ပေါင်တိုင်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်က ရဟတ်ယာဉ် များဖြင့်ပစ်ခတ်ပြီး ဝင်ရောက်စီးနင်း

Must read

ရန်ကုန်၊ ဩဂုတ် ၁၁

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ရင်ပေါင်တိုင်ကျေးရွာကို စစ်တပ်က ယနေ့ ညနေ ပိုင်း တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ရဟတ်ယာဉ်များဖြင့်ပစ်ခတ်ပြီး စစ်သား အများအပြား ချထားပေးကြောင်း ဒေသခံများက ရန်ကုန် ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၁ ရက်နေ့ ညနေ ၃ နာရီဝန်းကျင်မှစတင်ပြီး တိုက်ခိုက်ရေး ရဟတ် ယာဉ် ၂ စီးဖြင့် ရင်ပေါင်တိုင်ကျေးရွာကို ပစ်ခတ်ကြောင်း၊ သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်ဖြင့် စစ်သားများကို ၃ ခေါက် ချထားကြောင်း၊ စစ်သား အင်အား ၁၀၀ ဝန်းကျင် ရဟတ်ယာဉ်ဖြင့် ချထားခြင်းဖြစ်သွားကြောင်း ဒေသခံများက ဆိုကြသည်။

“တိုက်ပွဲတွေ ဘာတွေ မဖြစ်ပါဘူး။ ရင်ပေါင်တိုင်ကျေးရွာထဲကိုပါ ပစ်တာ။ ဗုံးတွေ ကျဲတယ်။ စက်သေနတ်တွေနဲ့ ပစ်တယ်။ နောက်ပြီး ရွာနားက လယ် ကွင်းမှာ ရဟတ်ယာဉ်နဲ့ ၃ ကြိမ် စစ်သားတွေ ချထားတယ်။ စစ်အင်အား ၁၀၀ လောက် တော့ရှိမယ်ထင်တယ်။ အခု အကုန်ပြေးနေရတယ်။ ရွာထဲမှာ ပြည်သူ တွေ ပိတ်မိ ပြီး ဖမ်းဆီးခံရတာ၊ ရဟတ်ယာဉ်နဲ့ပစ်လို့ ထိတာတွေ ရှိတယ် ပြောတယ်။ သေချာမသိရဘူး ပြေးနေရလို့” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်တပ်က ရင်ပေါင်တိုင်ကျေးရွာကို ဝင်ရောက်စီးနင်းနေပြီဖြစ်ပြီး ရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရ သည်။

“ပထမ ရဟတ်ယာဉ် ၃ စီးလာတယ်။ နှစ်စီးက အပေါ်ကနေ ပတ်ပစ်တယ်။ရိုးရိုးဂျက် ရဟတ်ယာဉ်က စစ်ခွေးတွေကို မြေပြင်ကိုချတယ်။နောက် ထပ် ပျံတက်သွားပြီး နောက်တစ်ခေါက်ထပ်လာချတယ်။ ရဟတ်ယာဉ် ပေါ်ကနေ ပစ်တာကတော့ ရင်ပေါင်တိုင်ဈေးထဲကို ပစ်တယ်။ ဗုံး ၄ လုံးကျပြီး ပေါက်ကွဲ တယ်။ အနီးအနားရွာဖြစ်တဲ့ အေးကုန်းရွာလည်း မီးရှို့နေတာလားမသိဘူး။ မီးခိုး တွေ အခုတက်နေတာမြင်နေရတယ်။ လောလောဆယ်တော့ အသက်လု ပြေးနေ ရ တော့ ဘာလောက် သေလို့ ဘာတွေပျက်စီးမယ်မပြောနိုင်သေးဘူး” ဟု ရင်ပေါင်တိုင် ဒေသခံ ရွာသားတစ်ဦးက ပြောသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်ကောင်စီ၏ တိုက်ခိုက်ရေးရဟတ်ယာဉ်တစ်စီး။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article