31 C
Yangon

အင်းစိန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး လူငယ်များကို စစ်တပ်နှင့် ပူးပေါင်း ဖမ်းဆီး ခဲ့သော အရန်မီးသတ်ခေါင်းဆောင် လှိုင်မင်းထွန်း ပစ်ခတ်ခံရပြီး သေ ဆုံး၊ မိုးညိုမြို့နယ်၊ မြင်းမူနှင့် မတ္တရာတို့တွင် အုပ်ချုပ်ရေး၊ ပျူစောထီး ၇ ဦး ပစ် ခတ် ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၂

ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ န်ကုန်တိုင်း၊အင်းစိန်မြိုနယ်၊ဒညင်းကုန်း ရပ် ကွက် ၊စက်မှုဇုန် ၃၊ မြတ်ဧရာ ၂ လမ်း သွယ် တွင်နေထိုင်သော အရန် မီးသတ် ခေါင်း ဆောင် လှိုင်မင်းထွန်း ယနေ့ နံနက်ပိုင်းတွင် ပစ်ခတ်ခံရပြီး သေဆုံးသွား ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၂ ရက်၊ နံနက် ၇ နာရီ မိနစ် ၅၀ အချိန် အရန်မီးသတ် တပ်ဖွဲ့မှူး လှိုင် မင်းထွန်းနှင့် ခင်မောင်ငြိမ်းတို့ ၂ ဦး ကားပြင်နေစဉ် သေနတ် သမားတချို့ က ပစ်ခတ်သွားခြင်းဖြစ်ကြောင်း၊ ပစ်ခတ်မှုကြောင့် အရန်မီးသတ် ခေါင်းဆောင် လှိုင်မင်းထွန်း သေဆုံးသွားကြောင်း၊ လှိုင်မင်းထွန်းသည် စစ်ကောင်စီ တပ်ဖွဲ့ဝင် များအား ပါဝင်ကူညီနေသူဖြစ်ပြီး ဆိုင်ကယ်ဖမ်းဆီးခြင်း၊ ဧည့်စာရင်း စစ်ဆေး ခြင်းနှင့် ပြည်သူများကို ဖမ်းဆီးခဲ့သူဖြစ်ကြောင်း သိရှိရသည

အလားတူ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ တပ်ခွဲ ၄ လက်အောက်ရှိ မိုးညိုမြို့ နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က ဩဂတ်လ ၁၀ရက် ညနေ ၇ နာရီ ၂၅ မိနစ် တွင် မိုးညိုမြို့နယ်ကရင်ချောင်အုပ်စုတောရကုန်းရွာ ရပ်ကျေး လက် ထောက် အုပ်ချုပ်ရေးမှူး မြို့နယ်သမအလုပ်အမှုဆောင် ပျူစောထီး မြင့်စိုး လင်မယားနှစ်ယောက်ကို ပစ်ခတ်ရာမှ သေဆုံးသွားကြောင်း မိုးညိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

“သမချေးငွေတွေမဆပ်နိုင်ပါက ပစ္စည်းသိမ်းမယ် ချိတ်ပိတ်မယ် စသဖြင့် စစ်တပ် ခေါ်ဖိအားပေးတဲ့အတွက် မခံမရပ်နိုင်တဲ့ပြည်သူတွေဆီက တိုင်ကြားစာတွေ ရရှိထားတာကြာ ပြီ ဖြစ်တဲ့အတွက် အရေးယူ ဆောင်ရွက်ရ တာဖြစ်ပါတယ်။နောက်ထပ် လည်း ပြည်သူ လူထုက တိုင်ကြားလာခဲ့ရင် မည်သည့် စစ်ကောင်စီဒေါက်တိုင်ကိုမဆို ဖြိုချဖျက်ဆီး သွားဖို့အဆင့် သင့်ရှိ တယ်” ဟု မိုးညို PDF စစ်ဆင်ရေးတာဝန်ခံ ဗိုလ်အားမာန်က ပြောသည်။

ထို့ပြင် စစ်ကိုင်းတိုင်းမြင်းမူမြို့နယ် အလ္လကပ္ပကျေးရွာရှိ ပျူစောထီး နှင့်ဒလန် များ ဖြစ်ကြသည့် ဝဲကျော်၊ ထွန်းနိုင် ကြွက်နီ၊ ပိုလီယို တို့ကို Leopard defense force မှဦးဆောင်၍ Zarmani Revolution force နှင့် Nway Oo Dakho ၃ ဖွဲ့က ဩဂုတ်လ ၅ ရက်နေ့ ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သိရှိရသည်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အောက်တောင်ကိုင်းရွာမှ စစ်တပ်သတင်းပေး ဟု သတ်မှတ်ခံရသူ မတင်အေး ကို ABRF Madaya က ဩဂုတ်လ ၁၁ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ပစ်ခတ်ရာ သေဆုံးသွားကြောင်း သိရှိရသည်။

“သေနတ်နဲ့ ပစ်သွားတယ်။ ရွာမှာ အကုန်လုံးပျော်နေကြတာ။ မတင်အေးက မတည့်တဲ့သူဆို စစ်သားတွေနဲ့ ဖမ်းခိုင်းတာ။ တအားဂျိုကြွ။ ဒီမနက် လူနာတင် ကားနဲ့ စစ်ကားနှစ်စီးလောက် ရောက်လာပြီး အလောင်းလာသယ်တယ်။

ရွာ ထဲမှာ အစိမ်းဘောမတွေပဲရှိတော့တာ။ ကျန်တဲ့သူတွေကတော့ တ ခြားရွာတွေ ရှောင်နေကြတယ်။ အဲဒီ ရွာရဲ့ သုံးပုံ နှစ်ပုံက ဘောမ တွေ ချည်းပဲ။ မနေ့ည ၁၁နာရီ လာပစ်တာ” ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ- ယနေ့ ပစ်ခတ်ခံရပြီး သေဆုံးသူ စစ်တပ်အမာခံ အရန် မီးသတ် ခေါင်း ဆောင် လှိုင်မင်းထွန်း ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article