26.4 C
Yangon

ရွှေကူမြို့နှင့် မဘိမ်းမြို့နယ်၊ ငါအိုးကျေးရွာအနီးတို့တွင် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေ ကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၅

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်၊ ငါးအိုးကျေးရွာအနီးတို့ တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်နေကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၅ ရက်တွင် ရှမ်းပြည်မြောက်ပိုင်း မဘိမ်းမြို့နယ်၊ ငအိုးရွာမှ ရွှေကူမြို့သို့ ဦးတည်သည့် စစ်တပ်စစ်ကြောင်းကို KIA တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ ငါးအိုးကျေးရွာ အနီး ရှိ သုံးခွဒေသတွင် တိုက်ပွဲပြင်းထန်နေကြောင်း၊ အလားတူ ရွှေကူမြို့မှ ဗန်းမော်ဘက်သို့ ဆက် လက် ထွက်ခွာလာသည့် စစ်တပ် စစ်ကြောင်းကိုလည်း ရွှေကူမြို့အထက် ၄ လမ်းဆုံအနီးတွင် KIA တော် လှန်ရေး ပူးပေါင်း တပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်နေခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲက ရွှေကူမြို့အထက် ၄ လမ်းဆုံနဲ့ ငါးအိုး-ရွှေကူလမ်းပိုင်းပေါ်က သုံးခွဒေသတွေမှာ တိုက်ပွဲ ဖြစ်နေတာ၊ သုံးခွဒေသက ငါးအိုးနဲ့သိပ်မဝေးဘူး။ ငါးအိုးနဲ့ ရွှေကူကြား မိန်းလမ်းမပေါ်မှာက စခတွေ နေရာယူထားတယ်။ တချို့ကားကြီး၊ ကားငယ်တွေက ရွှေကူမြို့ထဲဝင်သွားပြီး ဗန်းမော်ဘက်ကို ဆက်တက်နေတာ၊ တိုက်ပွဲနေ့စဉ်နေ့တိုင်းဖြစ်နေတယ်” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန် ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ဂျက်ဖိုက်တာဖြင့် ဗုံးကျဲတိုက်ခိုက် လျက်ရှိပြီး လူနေအိမ်အဆောက်အအုံများ ထိခိုက်ပျက်စီးမှုရှိသော်လည်း အတိအကျ သိရှိရခြင်းမရှိ သေးကြောင်း၊ ထို့အပြင် ရွှေကူမြို့တွင်း၌လည်း စစ်ကောင်စီတပ်က ပြည်သူများကို ထွက်ခွင့်မပေးပဲ ပိတ်ဆို့ထားကြောင်း သိရသည်။

မန္တလေးတိုင်းမှတစ်ဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်သို့ ဦးတည်၍ ထိုးစစ်ဆင် လျက်ရှိသော စစ်ကောင်စီစစ်ကြောင်းများကို ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်းတပ်ဖွဲ့များ နှင့် မဟာမိတ်များက ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်ခဲ့ရာ အမှတ် ၄ လေကြောင်းချီတပ်မဟာ ကွပ် ကဲမှုဌာနချုပ် တပ်မဟာမှူး ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ စစ်ရုံးချုပ်က ဇွန်လ ၁၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် ဗိုလ်မှူးချုပ် သူရဝဏ္ဏလွင် ဒဏ်ရာရရှိသွားသဖြင့် ၎င်း၏နေရာတွင် အစားထိုးဝင်ရောက် လာသော အမှတ် ၄ လေကြောင်းချီတပ်မဟာ ကွပ်ကဲမှုဌာနချုပ် ဒုတပ်မဟာမှူးနှင့် ရန်သူ့ဒရုန်းတပ် ဖွဲ့ကိုလည်း PDF တပ်ဖွဲ့ဝင်များက ထပ်မံ၍ ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ၏ ဒုတပ်မဟာမှူး လည်း ထပ်မံ၍ ဒဏ်ရာအပြင်း အထန်ရရှိခဲ့ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article