ရန်ကုန်၊ သြဂုတ် ၁၃
လက်ပံတောင်းတောင် ဒေသ လူထု သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ သြဂုတ်လ ၁၃ ရက်နေ့တွင် ” စစ်ကျွန်စနစ်က လွတ်မြောက်ရေး ရုန်းကြ၊ ထကြ၊ တော်လှန်ကြဟေ့” စာတန်း ကိုင်စွဲပြီး ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။
“တော်လှန်ရေး ရှည်ကြာလာတာနဲ့အမျှ ပြည်သူလူထုဟာ စားဝတ်နေရေး အကြပ်ရိုက်လာပါတယ်။ စားဝတ်နေရေးကို ဖြေရှင်းရင်းပဲ လူထုလွတ်မြောက်ရေးအတွက် တော်လှန်ရေးမှာ ဆက်ရုန်းကန်အားထုတ်နေတာတွေ ရှိနေဆဲပါပဲ။ စားဝတ်နေရေး ကြပ်တည်းအောင်ပဲ စကစဟာ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတာမို့ ဘယ်လိုပဲ အခတ်အခဲ ရှိရှိ တော်လှန်ရေးမှာ ပါဝင်လှုပ်ရှားနေသမျှ ကျနော်တို့ ကျရှုံးသွားမှာ မဟုတ်ပါဘူး။ ပြည်သူ့လွတ်မြောက်ရေးအတွက် မိမိတို့ နိုင်ရာကနေ ပါဝင်နေဖို့ပါပဲ။ ကျနော်တို့တွေ ဟန်ချက်ညီညီ ရုန်းကန်ကြမယ်။ လှုပ်ရှားကြမယ်။
ဖက်ဒရယ်ခေတ်ကို ရောက်ဖို့အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်ချေမှုန်းကြရမယ်” ဟု သပိတ် ဦးဆောင်သူများက ဟောပြောခဲ့သည်။
Photo: Black Ko