28 C
Yangon

ရွှေပြည်သာ၊ တောင်သာနှင်ပခုက္ကူတို့တွင် အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး နှင့် စစ်တပ် ထောက်ခံသူများ ပစ်ခတ်ခံရပြီး ၂ ဦးသေဆုံး၊ အင်းစိန်မှ စစ်တပ်ဘက်တော်သား မီးသတ်အရာရှိ လှိုင်မင်းထွန်း မနက်ဖြန် သဂြိုလ်မည်

Must read

ရန်ကုန်၊ ဩဂုတ် ၁၃

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် စစ်ကောင်စီခန့် ရာအိမ်မှူး ယဉ်ယဉ်အေး ပစ်ခတ်ခံရပြီး ယနေ့ သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၅၀ မိနစ်အချိန် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည်သာမြို့နယ်၊ အမှတ် ၈ ရပ်ကွက်တွင် နေထိုင်သူ စစ်ကောင်စီခန့် ရာအိမ်မှူး ယဉ်ယဉ်အေးသည် ၎င်း၏ ခင်ပွန်းဖြစ်သူနှင့်အတူ အုပ်ချုပ်ရေးမှူးရုံးမှ ပြန်လာစဉ် တပင်ရွှေထီးလမ်းမပေါ် ဇောတိကပန်းခြံ၊ အ.မ.က ၁၉ ကျောင်း ရှေ့နားတွင် အမည်မသိသူများက သေနတ်ဖြင့် ပစ်ခတ်သဖြင့် ရာအိမ်မှူး ယဉ်ယဉ်အေး ပွဲချင်းပြီးသေဆုံး၍ အမျိုးသားမှာ ရှပ်ထိဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

” အဲဒီမိန်းမက တပ်သတင်းပေး၊ ဟောင်ဖွာဟောင်ဖွာ အာကျယ်အာကျယ်နဲ့ ရုံးမှာလည်း ဆရာလုပ်လုပ်နေတာ အရမ်းပဲ၊ ခုက ပွဲချင်းပြီး သေတယ်ကြားတယ်၊ အဲ့နားမှာ ရဲတွေ စစ်သားတွေ ရောက်ပြီးစစ်နေကြပြီ ” ဟု ဒေသသတင်းရင်းမြစ် ရွှေပြည်သာUG က ဒေသခံတစ်ဦး၏ ပြောဆိုချက်ကို ဖော်ပြထားသည်။

အလားတူ ဩဂုတ်လ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန် မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် သပြေဝ ကျေးရွာ ကျေးရွာအုပ်ချုပ်ရေးမှူး ကိုကန်ထွန်းကို သေနတ်သမားက ဦးခေါင်းကို ၃ ချက်ပစ်ခတ်သွားသဖြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

ထို့ပြင် ယနေ့ နံနက် ၆နာရီ ၁၅ မိနစ်အချိန် မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့၊မြို့သစ်ရှိ စစ်တပ်သတင်းပေးဟု သတ်မှတ်ခံရသူ မောင်ထူး(လေတူးခေါ်) ကိူ အမည်မသိလက်နက်ကိုင် များက သေနတ်ဖြင့် ဦးခေါင်းကို ပစ်သွားသဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ဆေးကုသမှု ခံယူနေရကြောင်း သိရှိရသည်။

ယမန်နေ့ ဩဂုတ်လ ၁၂ ရက်နေ့ နံနက်ပိုင်း အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ် ကွက်တွင် ပစ်သတ်ခံလိုက်ရသော စစ်တပ်အမာခံ ထောက်ခံသူ မီးသတ်အရာရှိ လှိုင်မင်းထွန်း၏ နာရေးကို ဩဂုတ်လ ၁၃ ရက်နေ့ ရေဝေးသုဿာန်တွင် သဂြိုလ်မည်ဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ- ယမန်နေ့ ပစ်ခတ်ခံရပြီး သေဆုံးသူ စစ်တပ်ဘက်တော်သား မီးသတ်အရာရှိ လှိုင်မင်းထွန်း၏ နာရေး ဖိတ်စာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article